Chapter 42: Black Heart🖤

770 34 4
                                    

🖤

" Mine...ကလေး..​ကောင်းကောင်းရှင်သန်နေပေးနော်။ ဘာကိုမှ မကြောက်ပါနဲ့။ ကိုကိုက အမြဲတမ်း မင်းအနားမှာရှိနေပါတယ်"

ဝိညာဥ်နဲ့ခန္ဓာ ကွဲထွက်နေသလိုမျိုး ခံစားနေရတဲ့အခိုက်အတန့်မှာပဲ ကြားလိုက်ရတဲ့ မပီဝိုးတဝါးအသံ။
အချိန်တွေအကြာကြီးရင်နှီးကျွမ်းဝင်ခဲ့တဲ့အသံဖြစ်လို့ ချက်ချင်းမှတ်မိနိုင်ခဲ့ပေမဲ့ ခရမ်းရောင်မြူထူတွေပိတ်မှောင်နေတဲ့ ပတ်ဝန်းကျင်မှာတော့ အသံပိုင်ရှင်ရဲ့အရိပ်အယောင်ပင်မတွေ့ရ။

ခြေထောက်တွေခွေညွတ်မတတ်နာကျင်နေတာတောင် ၊
ရင်ဘတ်တစ်ခုလုံးမောဟိုက်ပြီး အသက်ရှူကြပ်လာတဲ့အထိ မရပ်မနားပြေးလွှားရှာနေမိတာ အသည်းအသန်။
လည်ချောင်းကွဲမတတ်အော်ခေါ်နေလည်း ကိုယ့်ရဲ့အော်သံကိုတောင်ကိုယ်ပြန်မကြားနိုင်တဲ့အခါ ခံနိုင်ရည်အားဟာကုန်ဆုံးလာသလို ကိုယ့်လည်ပင်ကိုယ်ကိုက်ဖြတ်ချင်လာ၏။

အား~~

အနွေးဓာတ်ကိုဆုံးရှုံးလိုက်ရတဲ့ ယုန်တစ်ကောင်လိုမျိုး နောက်ဆုံး သည်းမခံနိုင်တော့တဲ့ဝမ်းနည်းစိတ်နဲ့ ရောက်တဲ့နေရာမှာပဲ ဒူးထောက်ထိုင်ချကာ ကျယ်လောင်စွာအော်ဟစ်ငိုကြွေးမိတော့သည်။

အားးးးးး!!!

ပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်သွားတဲ့အော်သံတစ်ခု။
စူးရှပြင်းထန်လွန်းတဲ့ ထိုအသံမှာ တုန်လှုပ်နေဟန် အငွေ့အသက်အတို့ကအပြည့်။

🖤🖤🖤

" ကိုကို!  ကိုကို! ကိုကိုရေ! မင်း ဘယ်မှာလဲ! "

" သား သားရေ မိုင်းလေး "

ရုတ်တရက် မသဲမကွဲကြားလိုက်ရတဲ့ ခေါ်သံနဲ့အတူ ပခုံးတစ်ဖက်အပေါ်မှအထိအတွေ့။
သိပ်ကိုရင်းနှီးလွန်းတဲ့အသံကြောင့် မျက်လုံးကိုဖွင့်လိုက်မိချိန်မှာပဲ မြင်လိုက်ရတဲ့မျက်နှာကြက်ဖြူဖြူနဲ့ မျက်နှာတစ်ခုက မိုင်းရဲ့နှလုံးအိမ်ကို တစ်စုံတစ်ခုနဲ့ဖိညှစ်လိုက်သလိုမျိုး ဆီးကြိုနေကာ ခံစားချက်က နင့်ခနဲ။

" မေ...မေမေ? "

" အင်း မေမေပါ ။ မိုင်းရဲ့မေမေပါ ။ ဘယ်လိုလဲ အဆင်ပြေရဲ့လား ကလေး "

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Donde viven las historias. Descúbrelo ahora