Chapter 37: Black Heart🖤

545 28 14
                                    

🖤

" ကိုကို ငါ အလုပ်ထွက်လိုက်ပြီ "

ထိုစကားလေးတစ်ခွန်းကိုပြောဖို့အတွက် နှစ်တွေအကြာကြီးအချိန်ယူနေခဲ့တဲ့မိုင်းဟာ နွေရာသီရဲ့တနင်္ဂနွေအားလပ်ရက်တစ်ရက်မှာတော့ သျှန်နဲ့မျက်နှာချင်းဆိုင်မှာပဲရပ်ကာ အားတင်းပြောလိုက်မိသည်။ ထိုအခါ မိုင်းထင်ထားသလိုပါပဲ ။ ငြိမ်သက်သွားတဲ့သျှန်က မိုင်းကိုတွေတွေလေးငေးကြည့်လာ၏။ ပြီးတော့ ဖျော့တော့တဲ့လေသံနဲ့

" အရမ်းပင်ပန်းလို့လား Mine "

" အွင်း ပင်ပန်းတယ် "

မိုင်းရဲ့ စကားဆုံးတော့ သိသိသာသာပျက်ကျသွားတဲ့မျက်နှာမှာ အားနာခြင်းတို့က အရိပ်ထင်လို့လာသည်။ ပြီးတော့ မိုင်းဆီရောက်နေတဲ့အကြည့်တွေကို အငွေ့မထွက်တော့တဲ့ထမင်းပန်းကန်ဆီပို့ရင်း အကြောင်းမဲ့ ဇွန်းနဲ့မွှေနှောက်နေပုံက တစ်ခုခုကိုအဆင်မပြေနေသလိုမျိုး။ မိုင်း သျှန့်ရဲ့ယခုလိုထူးဆန်းတဲ့ပုံစံကို မမြင်ဖူးတာမို့ အနည်းငယ်အံ့ဩသွားကာ

" ကိုကို တစ်ခုခုဖြစ်နေလား ။ မဟုတ်ဘူး ငါပြောလိုက်တဲ့စကားကများ မင်းကိုတစ်ခုခု..."

" တောင်းပန်ပါတယ် "

" ဟင် "

မိုင်း အံ့ဩဆွံ့အသွားကာ ပြောနေတဲ့စကားပါ အစအနပျောက်သွားရ၏။ သျှန်ကတော့ ခေါင်းငုံ့နေလျက်ကနေပဲ ယခုထိတိုင်မတုန်မလှုပ်။

" အသုံးမကျတဲ့ကိုယ်က ကိုယ့်အချစ်ငယ်ပင်ပန်းနေတာကို လုံးဝမသိခဲ့လို့ "

"..."

" ကိုယ်က တကယ်ကို အသုံးမကျဘူးပဲ ။ ကိုယ့်ကြောင့်ရော မင်းပင်ပန်းနေလား Mine ။ အလိုက်မသိတဲ့လူမို့ ကိုယ့်ကြောင့် မင်းအများကြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရင်... "

" ဟုတ်တယ် ။ စိတ်အနှောင့်အယှက်က အခုမှဖြစ်တော့မှာ "

မိုင်း ပြောပြီးတာနဲ့ ထမင်းစားပွဲမှထရပ်လိုက်သည်။ ထို့နောက် သူ့ကို ငေးကြောင်ကြောင်မော့ကြည့်လာတဲ့ သျှန့်ရဲ့မျက်နှာကိုစေ့စေ့ကြည့်ကာ အံကိုကြိတ်လိုက်ပြီးနောက်

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Donde viven las historias. Descúbrelo ahora