Chapter 7 : Black Heart🖤

2.9K 186 72
                                    

🖤

ဝုန်း!!

၂ ရက်ကျော်ကျော်လောက် သတိလစ်မေ့မျောနေခဲ့သူဟာ လဲလျောင်းအနားယူနေစဥ်အတွင်း အတော်လေးအင်အားစုဆောင်းမိခဲ့ပုံပင်။ အမှတ်တမဲ့ပွေ့ဖက်လာတဲ့သျှန့်ကိုများ အားကုန်တွန်းထုတ်လိုက်တာ ဒီရက်ပိုင်းအိပ်ရေးပျက်၊အစားပုံမှန်မစားလို့ ဖျော့တော့ချိနဲ့နေတဲ့ခန္ဓာကိုယ်ဟာ ကုတင်စွန်းဘေးမှာပဲ ပစ်စလက်ခတ်လဲကျသွားရ၏။

" သျှန်!..."

အခုမှ သျှန့်ဟာ သူ့အရင်ကြိုရောက်နေတဲ့ မေမေလေးကိုမြင်ပြီး မလုံမလဲစိတ်နဲ့ ရှက်အမ်းအမ်းဖြစ်သွားရသည်။ ထိုစဥ် စိုးရိမ်နေတဲ့မျက်နှာနဲ့သူ့အနားရောက်လာတာမို့ သျှန် လဲနေရာမှ ကုန်းရုန်းထပြီးနောက် သူ့အနားရောက်ရှိလာတဲ့မေမေလေးကို အပြုံးတစ်ခုနဲ့လက်ကာပြကာ

" ရ...ရတယ် မေမေလေး ။ သား ဘာမှမဖြစ်ဘူး "

" သျှန်ရယ် "

" ဟီး သားအမှားပါ။ အခုမှ Mineကသတိရတာဆိုတော့ အပျော်လွန်သွားလို့ မဆင်ခြင်လိုက်မိတာ။ ဆောရီးနော် Mine။ ကိုကို..."

" ထွက်သွား!! "

စူးရှနေတဲ့အသံသေးသေးလေးက အခန်းထဲမှာ ကျယ်လောင်စွာ ။ ရုတ်တရက် သျှန့်ရဲ့မျက်နှာ ပျက်ယွင်းသွားရ၏။ ကုတင်ပေါ်တွင် ငုတ်တုတ်ထထိုင်နေပြီဖြစ်တဲ့မိုင်းကတော့ သူ့ခန္ဓာကိုယ်ပေါ်ကနာကျင်မှုတွေကြောင့် မျက်ခုံးတွေကိုအစွမ်းကုန်တွန့်ချိုးထားတဲ့ကြားက သျှန့်ကို နာကြည်းဒေါသထွက်နေတဲ့မျက်ဝန်းညိုတွေနဲ့ လှမ်းကြည့်နေသေးသည်။ ထို့အကြည့်တွေကြောင့် သျှန့်ရဲ့နှလုံးသားဟာ တဖျစ်ဖျစ်လောင်ကျွမ်းလုနီးအခြေအနေမှာ

" မိုင်း!! အကြီးကို ဘယ်လိုပြန်အော်နေတာလဲ! "

တစ်ဆက်တည်းဆိုသလို ထွက်လာတဲ့ မေမေလေးရဲ့ဒေါသသံကျယ်ကျယ်။ တည်တင်းနေတဲ့မျက်နှာနှစ်ခုနဲ့ အကြည့်ချင်းစစ်ခင်းနေကြတဲ့ဒီအခြေအနေမှာ သျှန့်ရဲ့အနားကလေထုပင်အေးခဲသွားသလို ကျောရိုးတစ်လျှောက်စိမ့်တက်လာသောကြောက်ရွံ့မှုနဲ့ နှလုံးခုန်မြန်လာရသည်။

သျှန့်ကြောင့်နဲ့ မိုင်းတို့သားအမိကို ဒီ့ထက်ပိုပြီးသွေးမကွဲစေချင်တော့ပါ။ထို့ကြောင့် ပျက်ယွင်းသွားတဲ့မျက်နှာပေါ်ကို အပြုံးတစ်ခုပြန်လည်တပ်ဆင်လိုက်ကာ

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Where stories live. Discover now