Chapter 34: Black Heart 🖤

589 32 2
                                    

🖤

" M i n e..."

အင့်~ဟင့်...

သာယာလှိုက်မောစွာပဲ ထွက်ပေါ်လာတဲ့ညည်းညူသံလေးနောက်မှာ ခပ်ဟဟပွင့်ဟသွားတဲ့နှုတ်ခမ်းလွှာတွေ။ အနွေးဓာတ်ပါးပါးလေးဖြန့်ကြက်နေတဲ့အခန်းထဲမှာတောင် မိုင်းရဲ့တစ်ကိုယ်လုံး မီးထတောက်မတတ်ပူလောင်ရဲစပ်နေကာ ညည်းတွားသံကအစ အတုန်တုန်အယင်ယင် ။ သျှန့်ရဲ့ကြီးမားတဲ့ လက်ဖဝါးနှစ်ဖက်ထဲမှာ မိုင်းရဲ့ခြေကျင်းဝတ်ဖြူသေးသေးလေးတွေဟာရှိနေပြီး သျှန့်ရဲ့မျက်နှာတစ်ခုလုံးကမူ မိုင်းရဲ့ ရဲစွေးစွေးခြေဖဝါးတွေဆီမှာ အပ်လျက်။

နွေးလွန်းတဲ့ အသက်ရှူနှုန်းတွေနဲ့ ထွက်လေဝင်လေတွေက ခြေဖဝါးပြင်ကိုလာရိုက်ခတ်တိုင်း မိုင်း မျက်လုံးလေးစင်းပြီး မပွင့်တပွင့်ညည်းမိသည်။ ညအိပ်ရာဝင်ခါနီးတိုင်း သေချာဆေးကြောသန့်စင်ထားလေ့ရှိတဲ့ သူ့ရဲ့ခြေဖဝါးပြင်တွေကို သျှန်ကနမ်းနေတာမို့ ခံစားချက်ကတလှိုက်လှိုက်ဖိုနေပြီး ခန္ဓာကိုယ်အောက်ပိုင်းနေရာမှ မရိုးမယွဖြစ်လို့လာနေ၏။

သူ့ခြေဖဝါးတွေကို နှာခေါင်းဖျားနဲ့ပွတ်သပ်ကာ နမ်းရှိုက်နေတဲ့သျှန့်ကို ကြည့်မိတိုင်း မိုင်းရဲ့မျက်ဝန်းအိမ်ဟာစိုစွတ်လာသလို သာယာလှိုက်မောစိတ်နဲ့အတူ ဝမ်းနည်းအားနာစိတ်တို့က အတိုင်းအဆမဲ့။

နောက်ဆုံး
သျှန့်ရဲ့ အရှိန်အဟုန်အားကြီးမားလွန်းတဲ့ မြတ်နိုးခြင်းတွေကို ခံယူဖို့မဝံ့ရဲတော့တဲ့နောက်ဆုံး မိုင်း မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့အုပ်ပြီး ရှိုက်ကြီးတငင်အော်ဟစ်ငိုလိုက်မိ​တော့၏။

ကိုကို့အချစ်တွေဟာ သူနဲ့ဘယ်တုန်းကမှ မထိုက်တန်ခဲ့!

" အီးဟီးးးး "

သျှန် ... " ! ! ! "

ထိုနေ့ညက သျှန် ဘယ်လောက်ပဲမေးမေး ဘာစကားတစ်ခွန်းပြန်ဖြေမလာဘဲ အသည်းအသန်သာငိုရှိုက်နေခဲ့တဲ့ လူရှုပ်ကလေးကြောင့် သျှန့်မှာ ဆန္ဒရှိတာတွေကိုတောင်ဆက်မလုပ်ဖြစ်တော့။
စောစောကတင် ပြင်းပြတောက်လောက်နေခဲ့တဲ့ တဏှာရာဂစိတ်ကလည်း မြတ်နိုးရတဲ့ကလေးရဲ့မျက်ရည်တွေကိုမြင်လိုက်ရတာနဲ့ ရေခဲမြစ်ထဲပြုတ်ကျသွားရတဲ့ မီးတောင်ငယ်တစ်ခုလို ။ အရာအားလုံး ပျောက်ရှသွားပြီးနောက်
အေးခဲသွားတဲ့ ခံစားချက်တွေပဲ နှလုံးသားမှာ ဖြစ်တည်လို့လာခဲ့၏။

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Where stories live. Discover now