Chapter 19: Black Heart🖤

2.3K 160 55
                                    

🖤

ခွပ်! ခွပ်! ခွပ်!

" မင်းတို့ရဲ့ စောက်ပါးစပ်တွေကနေ နောက်ထပ်အဲ့လိုစကား ထပ်ထွက်ရဲထွက်ကြည့်! အကုန်သတ်ပစ်မှာ! "

နီရဲစွေးနေတဲ့မျက်နှာလေးနဲ့ အံကိုကြိတ်လို့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ မိုင်းရဲ့နှုတ်ခမ်းပါးတွေမှ ထွက်ကျလာတဲ့စကားသံက ဒေါသတွေရောနှောနေလျက်။

" တောက်! ငါxိုးမသား မအေx်းိုးခွေးမျိုးတွေကတော့..."

မြေပြင်ပေါ် အတုံးအရုန်းလဲနေတဲ့ ရွယ်တူယောက်ျား၃ယောက်ကို ခပ်စူးစူးကြည့်ကာ ရေရွတ်လိုက်တဲ့ခပ်ရိုင်းရိုင်းစကား။
အဲဒီ့နောက် မိုင်းဟာ သူ့ခြေထောက်နားက မြေမှုန့်စတို့ပေကျံနေတဲ့ ကျောပိုးအိတ်ကို ခပ်ရင့်ရင့်စတိုင်နဲ့ကောက်လွယ်ကာ မကျေမနပ်အကြည့်တွေကို လျစ်လျူရှုရင်းကျောခိုင်းပစ်၏။

Fuck!Fuck! Fuck!
ရာရာစစ ဘယ်ကသတ္တိတွေနဲ့များ ဘယ်သူ့ကိုလာပြီးထိပါးနေကြသလဲ!
သျှန့်ကိုများ ယောက်ျားချင်းကြိုက်တဲ့အခြောက်တဲ့!
ထွီ! ဒီကောင်တွေကတော့ သေချင်နေ...

ဒုတ်!

စိတ်ထဲကနေ ကြုံးဝါးပြီး မာနတရားတို့နဲ့တစ်ယောက်တည်းပူလောင်နေစဥ်မှာပဲ ပူထူသွားတဲ့ နောက်စေ့ဖျား။ ထို့နောက်မှာတော့ ယိမ်းယိုင်သွားတဲ့ခန္ဓာကိုယ်နဲ့အတူ ခေါင်းတစ်ခုလုံးမူးချာလည်သွားကာ အသိစိတ်တို့ ဗလာကျင်းသွားခဲ့လေ၏။

>>>>>>>>>>>>>>>>>>>

ကျစ်!..

မျက်လုံးကိုအရင်မဖွင့်ဖြစ်ဘဲ နားထင်စပ်ကိုလက်ညှိုးတစ်ချောင်းနဲ့ထောက်ရင်း စုတ်သပ်မိတဲ့ မိုင်း။ တစ်ဆက်တည်းဆိုသလိုသတိရလိုက်မိတာက ညတုန်းကသူအမူးလွန်ခဲ့တဲ့အခြေအနေကိုပင်။

ဒါဆို ခုနက အိပ်မက်လား?

ရုတ်တရက်ခေါင်းထဲဝင်လာတဲ့အတွေးတစ်ခုနဲ့အတူ မျက်လုံးတွေကိုဖွင့်ကြည့်လိုက်မိတော့ ဆီးကြိုနေတဲ့မျက်နှာကြက်ခရမ်းနုရောင်ဖျော့ဖျော့က သူ့ကို အံ့ဩဆွံ့အစေပြန်၏။

ဘယ်လိုဖြစ်လို့ ဒီအရောင်လဲ?
ဘယ်တုန်းကစပြီး ဒီခရမ်းနုရောင်ဖြစ်သွား..

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Where stories live. Discover now