Chapter 16: Black Heart🖤

3.2K 204 75
                                    

🖤

" Mine...ကလေး "

နူးညံ့တဲ့ခေါ်သံ ၊ နွေဦးရဲ့ပင်လယ်ပြာတွေလိုမျိုး နွေးထွေးကြင်နာတဲ့မျက်လုံးတွေ။
ပြီးတော့ ညင်သာတဲ့အကြည့်တွေနဲ့ သူ့မျက်နှာကိုငုံ့မိုးပြီးကြည့်လာတဲ့သျှန့်ကြောင့် မိုင်းမှာ မျက်လုံးလေးပြူးကာ အသက်တောင်မရှူရဲတော့။

" ဟေ့ ကိုကိုခေါ်နေတယ်လေ ။ ဘယ်လိုဖြစ်လို့ လူကိုပြူးပြီးကြည့်နေတာလဲကွ။မဟုတ်မှ မျက်လုံးဖွင့်လျက်နဲ့ အိပ်ပျော်နေတာလား"

ပြောရင်း မိုင်းရဲ့ပါးတစ်ဖက်ပေါ်ကို ကျရောက်လာတဲ့လက်ချောင်းရှည်တွေ။ ဆွဲဖဲ့လိုက်တာဖွဖွလေးဆိုပေမဲ့ ထိတွေ့မိတဲ့အသားနွေးနွေးကြောင့် မိုင်းရဲ့စိတ်လှုပ်ရှားမှုက မိုးပြိုသကဲ့သို့ ရင်တစ်ခုလုံးလည်း ကသောင်းကနင်းဖြစ်သွားရ၏။

WTF!
ရင်ခုန်နေတာ မရပ်တော့ဘူးဟ!

၃နှစ်ကျော်လောက် လွမ်းဆွတ်နေခဲ့ရသူကို သေလောက်အောင်တမ်းတနေခဲ့ရပြီး ပြန်ဆုံတွေ့တာနဲ့ အတင်းကြပ်ဆုံးပွေ့ဖက်ပစ်မည်ဟုရည်ရွယ်ထားခဲ့တဲ့မိုင်းဟာ လက်တွေ့မှာတော့ စိတ်နဲ့ခန္ဓာမကပ်သူလိုမျိုး ဆွံ့အနေဆဲ။

" အာ...ဒီကလေးကတော့ အဟင်း! .."

မျက်ဆန်အိမ်ငြိမ်သက်နေတဲ့သူ့ကိုကြည့်လျက် တိုးဖွဖွရယ်ရင်း အနည်းငယ်ကားရားဖြစ်နေတဲ့သူ့ခြေထောက်တွေကိုစုပေးကာ ခန္ဓာကိုယ်အနေအထားပြင်ပေးနေတဲ့သျှန့်ကြောင့် နှလုံးသားဟာနွေးလာသလိုခံစားလိုက်ရပြီး ရယ်သံတိုးဖွဖွလေးကို ထပ်ကြားချင်စိတ်တွေဖြစ်ပေါ်လို့လာသည်။

သျှန့်ရဲ့ရယ်သံလေးက နားထောင်လို့ကောင်းလိုက်တာ!
april လရဲ့ မနက်ခင်းလေပြည်တွေလိုပဲ!
ချီးပဲ! ငါ အဲဒါကို ဘာလို့အရင်က မသိခဲ့ပါလိမ့်!

တစ်ယောက်တည်းတွေးရင်း နောင်တတွေနဲ့ စိတ်ထဲကနေအော်ဟစ်လိုက်မိပေမဲ့ အပြင်ဘက်မှာတော့ အူလည်လည်ဒီဇိုင်းနဲ့မျက်လုံးတွေကိုမှိတ်ပစ်လိုက်ကာ ခန္ဓာကိုယ်ကိုတစ်ဖက်စောင်းချပစ်လိုက်၏။

" တကယ်ကြီးအိပ်ပျော်နေတာပဲ။ ဒါဆိုရင်လဲ ဝယ်လာတဲ့ ဗာဒံကိတ်ကလေးအလကားဖြစ်..."

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Opowieści tętniące życiem. Odkryj je teraz