Chapter 40 : Black Heart🖤

600 26 4
                                    

🖤

ဘာလို့ ကိုကို့ပုံစံကအဲ့လောက်ထိ အိုစာသွားရတာလဲ!

ထိုအချိန် အခန်းဝကမိုင်းကိုမြင်သွားတဲ့ သျှန်ဟာ

" အာ အချစ်ငယ်နိုးလာပြီလား ။ လာလေ ကလေးရဲ့။ ဒီနေ့ ကိုကိုက မင်းအတွက် မင်းကြိုက်တဲ့ ပင်လယ်စာထမင်းပူပူလေးကြော်ထားတယ်။ ပြီးတော့ mocha coffee ပူပူလေးတစ်ခွက် "

အရင်အတိုင်း မြတ်နိုးမှုတွေပြည့်နက်နေတဲ့မျက်ဝန်းနွေးနွေးတွေနဲ့ ပြုံးလျက်ကြည့်လာကာ ခေါ်လေသည်။
မိုင်း အရေးအကြောင်းတချို့နဲ့ဆိုပေမဲ့ ခံ့ညားနေသေးတဲ့ကိုကို့မျက်နှာကို သတိလက်လွတ်ငေးမောနေမိကာ တုံ့ပြန်ဖို့မေ့လျော့နေမိ၏။

မနေ့ကတင် မီးခိုးရောင်ဖျော့ဖျော့လေးသန်းနေခဲ့တဲ့ဆံပင်တွေဟာ ယနေ့မနက်ခင်းမှာတော့ တစ်ခေါင်းလုံးဖြူဆွတ်ဆွတ်နီးပါးအထိအရောင်ပြောင်းနေခဲ့ပြီ။
ပြီးတော့ ၄၀ ကျော်ဆိုတဲ့အသက်နဲ့မလိုက်အောင်ပင် ရင့်ရော်ချောင်ကျသွားတဲ့ သျှန့်ရဲ့မျက်နှာ။
အမြဲသစ်လွင်နေခဲ့တဲ့ပန်းရောင်အေပရွန်လေးကလည်း ယနေ့ကျမှ မိုင်းရဲ့မျက်လုံးထဲမှာ နှစ်တွေအကြာကြီးသုံးခဲ့သလိုမျိုး အရောင်မှိုင်းနေခဲ့တာ ဘာကြောင့်များလဲ?

" ဟောဗျာ! အဲ့မှာ ဘာရပ်လုပ်နေတာလဲ လူရှုပ်ကလေးရဲ့။ ​မြန်မြန်လာ ဒီမှာကော်ဖီတွေအေးစက်ကုန်တော့မယ်"

သျှန်က စားပွဲပေါ်ကို ဆေးကြောပြီးသား ပန်းကန်ပြားတွေတင်ရင်း မိုင်းကိုလှမ်းပြောပြီးနောက် တစ်ဖက်လှည့်ကာ အငွေ့တထောင်းထောင်းဖြစ်နေတဲ့ ထမင်းကြော်အိုးကို ဇွန်းနဲ့ပြန်မွှေနေလေ၏။
မိုင်း လက်ရှိအခြေအနေကို ဆင်ခြင်သုံးသပ်နေရင်းက အပြည့်အဝအသေအချာနားမလည်သေးခင်မှာပဲ သျှန့်ရှိရာဆီအပြေးအလွှားသွားကာ ကျောပြင်ကျယ်ကို အနောက်ကနေအားကုန်သိုင်းဖက်ပစ်လိုက်သည်။ ခါးနာနေတာကိုလည်း ဂရုမစိုက်နိုင်တော့တဲ့အထိ ခံစားချက်တွေကပြင်းပြင်းထန်ထန်။
ထိုအခါ ဆတ်ခနဲတောင့်မတ်သွားတဲ့ကျောပြင်နဲ့အတူ ခပ်တိုးတိုးထွက်လာတဲ့အသံက

" Mine..."

မိုင်းရဲ့နှလုံးအိမ်တစ်ခြမ်း ဖိဆုပ်ခံလိုက်ရသလို နာကျင်သွားရ၏။

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Where stories live. Discover now