Chapter 6 : Black Heart 🖤

3.2K 189 75
                                    

🖤

" သျှန်နဲ့မိုင်းက လုံးဝကွာရှင်းစရာမလိုဘူး"

တိတ်ဆိတ်နေတဲ့ ဧည့်ခန်းထဲတွင် ခိုင်မာပြတ်သားစွာ ထွက်ပေါ်လာတဲ့အသံ ဒေါ်ရတီပပရဲ့အသံ။ ထိုအသံကြောင့် ဒေါ်ရတီပပရဲ့ခြေဖမိုးအစုံကိုဦးခိုက်နေတဲ့သူဟာ မယုံနိုင်တဲ့မျက်ဝန်းတွေနဲ့ မော့ကြည့်လာသလို ဆိုဖာခုံပေါ်ရှိလူနှစ်ယောက်မှာလဲ အံ့ဩလွန်းသဖြင့် မတ်တတ်ပင်ထရပ်မိကြတော့၏။

" မေမေလေး...."

မျက်ရည်တွေဝေ့သီနေတဲ့မျက်ဝန်းဖျော့ဖျော့တွေနဲ့ သျှန် တိုးတိုးလေးခေါ်လိုက်မိသည်။

" အစ်မ! ကလေးက သေလုနီးပါးအထိဖြစ်ခဲ့တာနော်!"

တစ်ဆက်တည်းဆိုသလို ထိုင်ခုံတွေနားမှာရှိတဲ့အဖေ့ရဲ့ အော်ဟစ်သံ။ သျှန် အဖေ့ရဲ့စကားကြောင့် အသက်ရှူတောင်ကြပ်သွားရ၏။ သို့ပေမဲ့ သျှန်ကတော့ သူ့အားငုံ့မိုးကြည့်လာတဲ့ နွေးထွေးတဲ့မျက်ဝန်းတွေကိုသာပြန်ငေးမောမိရင်း

" ကျေးဇူး...ကျေးဇူးပါ မေမေလေး..."

" မလိုပါဘူးကွယ်။ တကယ်ဆို မေမေလေးကတောင် သျှန့်ကိုတစ်ပြန်ကျေးဇူးပြန်တင်ရအုံးမှာကို "

ညင်သာတဲ့လေသံနဲ့ ပြုံးနေတဲ့မျက်နှာဟာ အားနာခြင်းတို့ကြောင့် လျော့တိလျော့ရဲ။ထို့နောက် ခါးအနည်းငယ်ညွှတ်ကာ သျှန့်ရဲ့ပခုံးနှစ်ဖက်ပေါ်ရောက်လာတဲ့နွေးထွေးမှုလေး။

" ကျွန်တော်ကတော့ သူတို့နှစ်ယောက်လုံးကို ကွာရှင်းစေချင်တယ် အစ်မ။ ဒီအတိုင်းဆက်ထားနေရင် ကလေးက ဒီ့ထက်ပိုပြီး သူ့ကိုယ်သူနာကျင်အောင်လုပ်နေအုံးမှာပဲ။ အစကတည်းက ကလေးဆန္ဒအတိုင်း လက်ထပ်မပေးခဲ့ရမှာကို။ အစ်မတို့က ကလေးဘက်ကို နည်းနည်းလေးတောင် ကြည့်မပေးခဲ့ကြဘူးပဲ။ လွန်တယ်မလား "

" ထတော့ သျှန် ။ ကြည့်ပါအုံး မျက်နှာတစ်ခုလုံးမှာလဲ မြင်ရက်စရာတောင်မရှိတော့ပါလား "

မေမေလေးဟာ အဖေ့ရဲ့စကားသံတွေကို ဥပက္ခာပြုပြီး သျှန့်ကိုသာ အသာလေးဆွဲထူရင်း ဆို့နင့်နေသလိုမျိုးရေရွတ်သည်။ ပြီးတော့ သျှန့်မျက်နှာပေါ်ကအညိုအမည်းတွေကို ဖွဖွလေးတို့ထိရင်း စိတ်မကောင်းသလိုမျိုး မျက်ခုံးထူတွေကိုတွန့်ချိုးလေ၏။

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Donde viven las historias. Descúbrelo ahora