🖤ဆေးအဖြူသုတ်ထားတဲ့ခြံဝင်းတံခါးရဲ့အတွင်းမှာ ခရမ်းနုရောင်ကမ္ဘာဘုံငယ်တစ်ခုလိုမျိုး လှပစွာနဲ့တည်ရှိနေတဲ့ဟိုင်ယာဆင့်ပင်တွေ။ ပြီးတော့ ပန်းတွေကြားမှာ ပျော်ရွှင်မြူထူးစွာနဲ့ လူးလာပျံသန်းပြေးလွှားနေတဲ့ အရောင်စုံလိပ်ပြာတွေရယ်။ ခြံဝင်းထောင့်မှာလည်း တည်ငြိမ်စွာကျောက်ချထားတဲ့ စားပွဲဖြူဖြူလေးနဲ့ ထိုင်ခုံကလေးနှစ်ခုက အေးချမ်းတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ဟာ သဘာဝရဲ့အလှပဆုံး သီးသန့်ဘုံကမ္ဘာတစ်ခုဆိုတာကို ဖော်ညွှန်းပြသနေတဲ့အလား။
ဒီလိုမျိုးတိတ်ဆိတ်ပြီး အေးချမ်းနေတဲ့ အော်စလိုမြို့ရဲ့ တစ်နေရာရှိ တစ်ထပ်တိုက်အိမ်ဖြူဖြုလေးရဲ့ အိမ်ရှေ့ဖိနပ်ချွတ်စင်အလယ်ထပ်နေရာမှာတော့ အရွယ်အစားကွာဟနေတဲ့ ကတ္တီပါအနက်ရောင်လေးနဲ့ ရှူးဖိနပ်အဖြူရောင်လေးက ဆန့်ကျင်ဘက်တွေမဟုတ်သလိုမျိုး ပူးကပ်ယှဥ်တွဲလို့။
" ကိုကိုရေ ဒါလေးမြည်းပေးပါအုံး ။ ငါ ဆားနှစ်ခါထည့်မိလိုက်သလားလို့ "
အသံနဲ့အတူ အိမ်ကြမ်းခင်းအားသန့်ရှင်းရေးလုပ်နေတဲ့ စွပ်ကျယ်ချိုင်းပြတ်အနက်နဲ့မြင့်မားကျစ်လျစ်တဲ့ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားသူအမျိုးသားဆီ အညိုရောင်ဇွန်းခွက်ကြီးကိုင်လျက် ပြေးထွက်လာတဲ့အရပ်ပုပုသေးသေးနဲ့ကောင်လေးပုံစံကတော့ အေပရွန်အညိုရောင်လေးနဲ့မို့ အနည်းငယ်ချစ်စရာကောင်းနေသလို။
" ဟော ဘယ်လိုဖြစ်လို့..."
အမှန်တကယ်ပင် စဥ်းစားရခက်နေတဲ့မျက်နှာလေးနဲ့ လူကိုမော့ကြည့်ကာ ဇွန်းကြီးမရဲတရဲမြှောက်ပေးလာတဲ့လူရှုပ်ကလေးကြောင့် သျှန့်မှာမပြုံးဘဲမနေနိုင်ဖြစ်ကာ ခါးကိုသာအနည်းငယ်ကိုင်းရင်း အနီရောင်သန်းနေတဲ့ဇွန်းထဲကဟင်းရည်ကိုအနံ့ခံလိုက်ပြီးနောက်
" ဒါ ဘာဟင်းလဲ Mine... "
" မြင်တာနဲ့မသိဘူးလား။ ပဲပြား ကင်ချီဟင်းရည်လေ ကိုကိုရ "
" အင်း တကယ်ပဲဆားနှစ်ခါထည့်လိုက်တာလား "
မျက်လွှာပင့်ရင်း သွေးကြောနုနုလေးတွေယှက်ဖြာနေတဲ့မျက်နှာလေးကို ပြုံးစစမျက်နှာပေးနဲ့ စူးစိုက်ကြည့်ကာ အကြောင်းအရင်းကိုသိနေပါရက်နဲ့ မေးမိတော့ အနည်းငယ်စူထွက်လာတဲ့နှုတ်ခမ်းပါးလေးရဲ့ပိုင်ရှင်ထံမှ လူတစ်ကိုယ်လုံးပြာကျလောက်တဲ့ နဂါးမျက်စောင်းနဲ့အတူ
ESTÁS LEYENDO
Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed]
Romanceနှလုံးသား အနီရောင်မဟုတ်တဲ့ နှလုံးသား အမုန်းတရားတွေနဲ့ နှလုံးသား သူတို့ခေါ်တာက အနက်ရောင်နှလုံးသားတဲ့လေ🖤 Uke strong/ Marriagelife / Mature on/ rebirth Start date>>> 8.3.2023(Wed) End date >>>> 18.1.2024 pic from pinterest