Chapter 26: Black Heart🖤

967 63 14
                                    

🖤

​မွ!

" မောနင်းအနမ်း​လေး သျှန်"

" ကိုကိုလို့ခေါ် "

" အွင်း ကိုကို "

" ကိုယ့်အချစ်ငယ်က လိမ္မာလိုက်တာ။ လာပါအုံး ကိုယ့်ရင်ခွင်ထဲကို။ လူအသားပြားလေးဖြစ်သွားတဲ့အထိ တဝကြီးဖက်ထားချင်လို့ "

သျှန့်စကားဆုံးတာနဲ့ အပြုံးစစနဲ့ကလေးငယ်ဟာ ဆန့်တန်းပေးထားတဲ့သူ့လက်တွေကြား မွေ့ရာကြီးအိဝင်သွားတဲ့အထိ မတုံ့မဆိုင်းပဲပြေးဝင်လာ၏။

" ကြည့်ပါအုံး ကိုယ့်အချစ်ငယ်လေး သေးသေးလေးဖြစ်သွားပြီ။ ဒီလိုဆိုမဖြစ်တော့ဘူးပဲ။ အခုကစပြီး မနက်စာကို ပြည့်ပြည့်ဝဝကျွေးမှရတော့မယ် "

ပြောရင်ပြောတဲ့အတိုင်း လူကိုအသားပြားဖြစ်မတတ်အထိ ပွေ့ဖက်ထားပြီးပြောနေတဲ့သျှန့်ကြောင့် မိုင်းရဲ့နှုတ်ခမ်းပါးလေးတွေရှေ့စူထွက်လာကာ

" ငါကမသေးပါဘူးနော်။ သျှန်ကသာ တစ်နေ့တခြားကြီးလာနေတာ "

" ဗုဒ္ဓေါ !ကိုယ်ကလား? "

" အာ...ခ...ခန္ဓာကိုယ်ကိုပြောတာ ခန္ဓာကိုယ်ကိုလို့! "

အလောတကြီးပြောလိုက်မိပြီးမှ အနည်းငယ်အဓိပ္ပါယ်လွဲချင်စရာဖြစ်သွားတဲ့စကားကြောင့် မျက်နှာဖြူဖြူလေးက ချက်ချင်းရဲပတောင်းခတ်သွားပြီး ထိတ်လန့်တကြားပြန်အော်ပြောလိုက်ကာ မျက်နှာကို ညဝတ်အင်္ကျီနက်စွေးစွေးအောက်ကရင်ဘတ်ကျယ်မှာပဲ တိုးဖွက်မိတော့ ကြားလိုက်ရတဲ့ရယ်သံလွင်လွင်က မိုင်းရဲ့နားထင်သွေးကြောတွေကို တဒိတ်ဒိတ်ခုန်လှုပ်စေခဲ့သည်။

F*ck ပဲ! မိုင်းဆိုတဲ့ငါက သောက်ရူး!

စိတ်ထဲကနေ ကိုယ့်ကိုယ်ကို ပစ်ပစ်နှစ်နှစ်ကျိန်ဆဲနေတုန်းမှာပဲ နှာခေါင်းဝမှာသင်းလာတဲ့ ဟိုင်ယာဆင့်ရေမွှေးနံ့ရောနှောနေတဲ့ သျှန့်ရဲ့ယောက်ျားဆန်တဲ့ကိုယ်နံ့ကြောင့် မိုင်းမှာ ရုတ်တရက်ကြီးရင်ခုန်မြန်သွားပြီး

" သဘောကျတယ် "

" ဘာပြောလိုက်တယ် Mine "

" အများကြီးသဘောကျတယ်လို့ သျှန့်ရဲ့ရင်ခွင်နံ့ကို "

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Donde viven las historias. Descúbrelo ahora