🖤
လောကကြီးတွင် အပင်ပန်းဆုံးသောအလုပ်သည်
မိမိအားမချစ်နိုင်သောသူကို ချစ်နေမိခြင်းဖြစ်ပြီး
အခက်ခဲဆုံးသောအလုပ်သည် ထိုသူ့အား မချစ်ဘဲမနေနိုင်ခြင်းဖြစ်၏။
သေလောက်အောင်နာကျင်နေရလည်း ချစ်နေတာကို ရပ်တန့်ပစ်ဖို့မလုပ်နိုင်။
အဆိုးဝါးဆုံးသော ဝဋ်ကြွေးလှလှကလေးပါပဲ🖤
ယခုတော့ သျှန်ဟာ အဲဒီလိုမျိုး ပင်ပန်းနေတဲ့ဘဝနဲ့ခက်ခဲနေတဲ့အခြေအနေမှာမှ အလွယ်ကူဆုံးသော နည်းလမ်းတစ်ခုကို မိုင်းရဲ့ကျေးဇူးနဲ့ ရှာဖွေတွေ့ရှိခဲ့ရ၏။
ထိုနည်းလမ်းဟာ သူလုံးဝတွေဝေလို့မသင့်တဲ့ အအောင်မြင်နိုင်ဆုံးသက်သာရာလည်း ဖြစ်လိမ့်မည်ထင်သည်။ဟုတ်တယ်!
သူမရှိတော့ရင် မိုင်းလဲ ကျေနပ်ပြီးပျော်ရွှင်ရမှာ သေချာတယ်!
ဒါဆိုရင် သူက ဘာလို့တုံ့ဆိုင်းနေအုံးမှာလဲ။
ချစ်ရတဲ့ကလေးရဲ့မျက်နှာ အတောက်ပဆုံးပြုံးနိုင်ဖို့ သူမြန်မြန်သေလိုက်သင့်တယ်မလား?အသွားထက်ထက်နဲ့ ပြောင်လက်နေတဲ့စတီးဓားကို ဘယ်ဘက်လက်ကောက်ဝတ်အပေါ်တင်လိုက်ရင်း သျှန် ပြုံးလိုက်မိ၏။
ကိုယ်ချစ်တဲ့မင်း ကျေနပ်ပျော်ရွှင်ဖို့အတွက်နဲ့
သေပေးရတာကိုပဲ
ကောင်းချီးတစ်ခုလို့ မှတ်ယူပါ့မယ် မိုင်း!
ကိုယ် မင်းကို တကယ်ပျော်ရွှင်စေချင်တယ်!အသားထဲကိုဓားသွားလေး နစ်ဝင်လုနီးမှာပဲ သျှန် မျက်လုံးတွေကိုမှိတ်ပစ်လိုက်ရင်း အချစ်ရဆုံးကလေးငယ်ရဲ့ ပြုံးနေလောက်မဲ့မျက်နှာလှလှလေးကိုမြင်ယောင်ကြည့်လိုက်သည်။
ထို့နောက် ဓားရိုးကိုဆုပ်ကိုင်ထားတဲ့ညာဘက်လက်ချောင်းတွေကို အားထည့်ကာ ဖိပစ်လိုက်၏။ဗြန်း!
ချလွမ်! ဒေါက်...
" မင်းက ငတုံးလား!!!ဟမ်!!..."
ရုတ်တရက် ရိုက်ချခံလိုက်ရတဲ့ သျှန့်ရဲ့လက်ဖျံနဲ့အတူ လွတ်ကျသွားတဲ့စတီးဓားဟာ ကြမ်းပြင်ပေါ်မှာပဲ အသံပေါင်းစုံ မြည်ဟီးသွားသည်။
သျှန် တအံ့တဩနဲ့ ငုံ့ထားမိတဲ့ခေါင်းကိုပင့်ကာ ကြည့်မိတော့ သူ့ရှေ့မှာရပ်နေတဲ့သူဟာ ခရမ်းရင့်ရောင်ပိုးသားချိတ်ဝမ်းဆက်ကိုဝတ်ထားပြီး မျက်နှာထားက ကြောက်စရာကောင်းလောက်အောင်တည်တင်းနေတဲ့
ESTÁS LEYENDO
Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed]
Romanceနှလုံးသား အနီရောင်မဟုတ်တဲ့ နှလုံးသား အမုန်းတရားတွေနဲ့ နှလုံးသား သူတို့ခေါ်တာက အနက်ရောင်နှလုံးသားတဲ့လေ🖤 Uke strong/ Marriagelife / Mature on/ rebirth Start date>>> 8.3.2023(Wed) End date >>>> 18.1.2024 pic from pinterest