Chapter 35 : Black Heart🖤

556 24 0
                                    

🖤

မိုင်းရဲ့လက်ဖျားတွေကို ဆုပ်ကိုင်ထားတဲ့လက်ချောင်းတွေဟာ အချိန်တွေကြာလေ ပို၍တင်းကျပ်လာလေ ။ အေးခနဲဖြတ်တိုက်သွားတဲ့ ဇန်နဝါရီလရဲ့လေပြည်တွေဟာ ဒီနှစ်တော့ သိပ်ကိုအေးစက်လွန်းတယ်လို့ မိုင်း ထင်လိုက်မိ၏။
ဘာကြောင့်လဲဆိုတော့ ဒီနှစ်ရဲ့ဇန်နဝါရီဟာ မိုင်းချစ်ရသောလူတစ်ယောက်ရဲ့ အချစ်ဆုံးမိဘတွေကို မိုင်းတို့နဲ့အဝေးဆုံးကိုခေါ်ဆောင်သွားခဲ့လို့ပဲ ဖြစ်သည်။

" Mine... ကိုကို ဘယ်လိုလုပ်ရတော့မလဲဟင်
။ ကျစ်..အသက်ရှူကြပ်လွန်းလို့...အာ...ရူးတော့မှာပဲကွာ "

မျက်စိရှေ့တည့်တည့်မှာ ယှဥ်လျက်ရှိနေသော ဖြူဆွတ်နေတဲ့အုတ်ဂူလေးနှစ်လုံးကိုငေးရင်း ကိုင်ထားတဲ့မိုင်းရဲ့လက်ဖျားတွေကိုဖျစ်လာကာ မေးလာတဲ့သျှန့်အသံအက်ရှရှမှာ နာကျင်မှုတွေဟာအပြည့်။
လောကကြီးထဲမှာ အရင်းနှီးဆုံးသွေးသားတွေကိုဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ဟာ ဘယ်လောက်တောင်မှ ဆိုးရွားနာကျင်ရတယ်ဆိုတာကိုသိနေတဲ့မိုင်းမှာ ဘေးနားကတိမ်ညိုလေးကို နှစ်သိမ့်ပေးနိုင်ဖို့ စကားမရှိ။
တစ်နေ့ကျ သူတို့ဟာ ဒီလိုတွေကြုံတွေ့လာရမှာကို ​နားလည်ထားပေမဲ့ သတိမပြုခဲ့လို့ပဲ ထင်ပါရဲ့။ ရုတ်တရက်ဆန်လွန်းတဲ့အခိုက်အတန့်တွေမှာ ​မေ့လျော့ခြင်းကြောင့် ပိုပြီးခံစားရ၏။
တကယ်ဆို မိုင်းတို့လူသားအားလုံးဟာ တွေ့ဆုံခွင့်တွေကိုရခဲ့ပြီးတာမို့ ခွဲခွာခြင်းတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်သည်။

မိုင်း ဘေးနားကသျှန့်ရဲ့ဘေးတိုက်မြင်နေရတဲ့မျက်နှာတစ်ခြမ်းကို မော့ကြည့်ရင်းနဲ့ ဦးနှောက်ကိုခပ်သွက်သွက်အလုပ်ပေးနေမိသည်။
ဒီအချိန်မှာ သူ့ရဲ့ဘယ်လိုအ​ဖြေမျိုးက ကိုကို့ရဲ့ဝမ်းနည်းခြင်းကို ကုသနိုင်​လိမ့်မလဲ?
ဘယ်လိုစကားလုံးမျိုးကမှ ပူလောင်နေတဲ့ဆို့နင့်ခြင်းဝေဒနာကို သက်သာစေနိုင်ပါ့မလဲ?

မိုင်း အများကြီးတွေးနေခဲ့ပေမဲ့ နောက်ဆုံးမှာတော့ စကားလုံးတွေနဲ့နှစ်သိမ့်ပေးရမဲ့အစား သျှန့်ရဲ့တောင့်တင်းနေတဲ့ခန္ဓာကိုယ်ကြီးကိုသာ လည်ပင်းကနေဆွဲကာ သိုင်းဖတ်ပစ်လိုက်မိတော့၏။ ထို့နောက် တုန်ယင်ချင်နေတဲ့အသံကိုထိန်းရင်း

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] حيث تعيش القصص. اكتشف الآن