🖤
" အဟွန်း! ချစ်တယ်ဆိုပြီး အလကား သောက်ပိုလုပ်ပြနေတာ"
ကားကို ဂိုဒေါင်မှာရပ်ကာ အိမ်မကြီးထဲဝင်ရုံရှိသေး ဧည့်ခန်းဆီမှ ကြားလိုက်ရတဲ့ အသံစူးစူးလေး။ သေချာပေါက် သူ့ရဲ့ကလေးလေး မိုင်းရဲ့အသံပဲဖြစ်နေတာမို့ ဖိနပ်ချွတ်စင်ရှေ့ဖိနပ်ချွတ်နေတဲ့သျှန့်မှာ ခြေချောင်းတွေပင်ကုပ်လိုက်မိတဲ့အထိ ခံစားချက်ကထိထိရှရှ။ တကယ်ဆို အဲဒီ့စကားဟာ သျှန့်ကိုတမင်ပြောနေတာမဟုတ်ဘဲ သူတို့ကြည့်နေတဲ့ chinese movie ထဲက ဇာတ်လိုက်မင်းသားကို ရည်ရွယ်ပြောလိုက်သလိုမျိုး။ သို့ပေမဲ့လည်း တိုက်ဆိုင်ခြင်းတွေထပ်တူညီနေတဲ့အခါမှာ အထိအခိုက်မခံနိုင်တဲ့နေရာကတော့ ဟန်တောင်မဆောင်နိုင်ခဲ့ပါ။
" အဟက်! အချစ်တဲ့လား ။ No No ငါကတော့ အဲဒီ့အချစ်ဆိုတာကို မုန်းတယ်။ တကယ်တော့ အချစ်ဆိုတာ ခေါင်းစဥ်တပ်ထားတဲ့ ချုပ်နှောင်မှုတစ်မျိုးပဲ။ ချစ်ပါတယ်၊ချစ်လို့ပါ အဲ့လိုလေးပြောပြီး ကိုယ့်ရဲ့တစ်ဘဝလုံးကို တစ်သက်လုံး ထိန်းချုပ်သွားတော့မဲ့လူဆီမှာ ငါတို့ကရူးနေလို့ ဒီအတိုင်းလေးခေါင်းညိတ်ပြီး ပြုံးပြုံးကြီးယုံပေးလိုက်ရမှာလား။ sh*t! "
" အဲ့လိုတော့လဲ မဟုတ်ဘူးလေကွာ။ အချစ်ဆိုတာ တကယ်ချစ်မိသွားရင်... "
" နားငြီးတယ် ။ မင်းပါးစပ်ပိတ်လိုက်တော့ ငဖြိုး "
" ဖြိုးစွမ်းဝေ! နင်ကလဲ နွားကို နံပြားကျွေးပြန်ပြီ "
ကောင်မလေးတစ်ယောက်ရဲ့ ရုတ်တရက်ထအပြောမှာ စူးခနဲထွက်လာပြန်တဲ့ အသံကျယ်ကျယ်။
" ဟေ့ ဘယ်သူကနွားလဲ! ငါလား! ကြည်နေတာမဟုတ်ဘူးနော် ချစ်လွန်းငယ်! "
" နင့်ဘာသာ ကြည်ကြည်နောက်နောက် ငါကတော့ အစ်ကိုကြီးကိုပဲသနားတယ်။ သူ့ခမျာ နင့်ကိုဘယ်လောက်အထိချစ်လိုက်သလဲ။ နင့်ပိစိအရွယ်ကနေ အခုထိ အမြဲ နင့်အနားမှာတောက်လျှောက်ကာကွယ်ပေးလာတာ ငါတို့အားလုံးအသိ။ နင်ဖြစ်ချင်တာမှန်သမျှလဲ သူကအကုန်လုပ်ပေးထားပြီးသား။ မနှိုင်းကောင်း၊နှိုင်းကောင်း နှိုင်းရရင် ငါတို့မိဘတွေ ငါတို့ကိုချစ်တယ်ဆိုတာက အစ်ကိုကြီးသျှန် နင့်ကိုချစ်တဲ့အချစ်ရဲ့တစ်ဝက်လောက်တောင် မရှိသလိုပဲ ။ အဲဒါတောင် နင်ကတော့ တအားရက်စက်တာပဲနော် မိုင်း"
YOU ARE READING
Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed]
Romanceနှလုံးသား အနီရောင်မဟုတ်တဲ့ နှလုံးသား အမုန်းတရားတွေနဲ့ နှလုံးသား သူတို့ခေါ်တာက အနက်ရောင်နှလုံးသားတဲ့လေ🖤 Uke strong/ Marriagelife / Mature on/ rebirth Start date>>> 8.3.2023(Wed) End date >>>> 18.1.2024 pic from pinterest