Chapter 43: Black Heart 🖤

692 14 1
                                    

🖤

" တကယ်ကြီး အိပ်မက်မက်နေခဲ့တာပဲ ငါက ဟဟ! "

စိတ်ပျက်စွာနဲ့ထွက်လာတဲ့ ရယ်သံအက်ရှရှ။

" အစစ်အမှန်ဘဝကြီးလို့ သေချာပေါက်ခံစားခဲ့ရတာကို ဘယ်လိုဖြစ်လို့ အိပ်မက်ပဲဖြစ်နေခဲ့ရတာလဲ ဖာ့ခ်! "

ဆေးရုံကဆင်းတာနဲ့ ခရမ်းနုရောင်ဟိုင်ယာဆင့်ပန်းတွေရှိရာဆီကိုပဲ အပြေးလာခဲ့မိတဲ့မိုင်း။ ညှိုးနွမ်း​​​ခြောက်သွေ့ပြီး မြင်ရက်စရာမရှိအောင် ပျက်စီးနေတဲ့ ခရမ်းနုရောင်ပန်းခင်းကို တံခါးအပြင်ကနေ အသေအချာမြင်လိုက်ရချိန်မှာတော့ ရင်ဘတ်ထဲမှာဘာတစ်ခုမှမရှိတော့သလိုမျိုး ဟာလာဟင်းလင်းကြီးခံစားလိုက်ကာ တိုးတိုးလေးဆဲရေးရင်း ရယ်မောမိတော့၏။
သို့ပေမဲ့ ရယ်သံတွေဟာ အခွံသက်သက်ခန္ဓာကိုယ်လိုမျိုး ခြောက်ကပ်ကပ်။

ကျစ်...တကယ်မှားတာပဲ! Plumeria ပင်ကြီး မရှိတော့ဘူး ကိုကို !
ပြီးတော့ ငါတို့ရဲ့အမှတ်တရတွေရော...

ဒီလိုမြင်ကွင်းမျိုးကသာစောင့်ကြိုနေမှန်းသိရင် အစကတည်းက မရမကခေါ်နေတဲ့အမေ့ဆီကိုပဲ လိုက်သွားခဲ့လောက်မှာပါ။
ဒီလိုဆို အခုလောက်လဲ ခံပြင်းဝမ်းနည်းမိမှာမဟုတ်။

ရက်ပေါင်း ၃၀၀ ကျော်လောက် လူမနေထားတဲ့အိမ်ဟာ ဒီလောက်အထိ ပြောင်းလဲအိုဟောင်းသွားတယ်တဲ့လား?
မယုံနိုင်စရာပဲ!

မိုင်း အံ့ဩစိတ်နဲ့အတူ အဖြူရောင်တံခါးလေးကို အသာလေးတွန်းဖွင့်လိုက်မိ၏။ တစ်ချိန်တုန်းက သူဟာ
အဖြူရောင်ဆေးလှလှလေးသုတ်ထားတဲ့ ဒီတံခါးလေးရှေ့မှာပဲ စိတ်ရဲ့မွန်းကြပ်ပင်ပန်းခဲ့ရသမျှတွေကို လွှတ်ချခဲ့ဖူးသည် ။ ယခုလည်း နှလုံးသားမှာ တနင့်တပိုးဝမ်းနည်းခြင်းနောင်တတွေနဲ့ တံခါးလေးရှေ့မှာ ခြေစုံရပ်နေမိဆဲ။
ဒီတစ်ကြိမ်မှာတော့ နှလုံးသားထဲကလှိုက်မောတုန်ရီခြင်းတွေဟာ သက်ပြင်းချလည်း တစ်ပါးတည်းပါမသွားသလို တစ်လှမ်းချင်းဝင်ရောက်မိတဲ့ ခြေလှမ်းတွေမှာလည်း အရင်လို ရင်ခုန်သံတွေဟာ ပျောက်ဆုံးနေခဲ့ပါ၏။

မြင်လိုက်ရုံနဲ့ ကြည်လင်ပြီးအေးမြမှုကိုပေးတဲ့ ဆေးဖြူဖြူနဲ့တစ်ထပ်တိုက်ပုပုလေးဟာ ယခုတော့ အထီးကျန်ခြောက်ကပ်နေသလို မျက်နှာစာမှာ ခြံဝင်းအပြည့်နေရာယူထားတတ်သော တစ်ချိန်က ခရမ်းနုရောင်ဟိုင်ယာဆင့်ပန်းတွေကလည်း အခုတော့ ဂရုစိုက်သူမဲ့စွာပဲ သေဆုံးနေကြသည်။

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Opowieści tętniące życiem. Odkryj je teraz