Chapter 39: Black Heart🖤

396 22 0
                                    

🖤

၁၀ နှစ်ခန့်ကြာပြီးနောက်>>

" ဘွန်စိုင်းတွေကို ချစ်လား Mine "

အညိုရောင်မြေဆွေးညစ်ညစ်တွေရှိနေတဲ့ စတုရန်းပုံစံအကြည်ရောင်ကန်သေးသေးလေးထဲက အစိမ်းရောင်ဘွန်စိုင်းပင်ငယ်ကို လက်ချောင်းတွေနဲ့အသာအယာတို့ထိရင်းမေးလာတဲ့စကားကြောင့် သျှန့်ရဲ့ကျောပြင်ကိုဖက်တွယ်ထားတဲ့မိုင်းမှာ နှာခေါင်းလေးရှုံ့ရင်း

" ဟင့်အင်း ပန်းမပွင့်တဲ့အပင်တွေကို မချစ်ဘူး"

" ဘာလို့လဲ "

" ဒီအတိုင်း ပန်းမပွင့််လို့လေ "

" ဒါဆို အချိုတွေကို ကြိုက်တာကရော"

" ချိုလို့ပေါ့။ ဒီကောင်လောက် အခါးကိုမုန်းတာ သိရဲ့သားနဲ့ ဘာလို့အထူးအဆန်းလုပ်ပြီးမေးနေတာလဲ ကိုကိုရာ"

သျှန့်ရဲ့ကျောပြင်နဲ့ ပူးကပ်နေတဲ့ မိုင်းရဲ့နှုတ်ခမ်းလေးဟာ စုချွန်သွားကာ ပြန်ဖြေလာသံက ခပ်ဆောင့်ဆောင့်။
သို့ပေမဲ့ နုနယ်သွယ်လျပြီးဖြူဖွေးနေတဲ့လက်တစ်စုံကတော့ သျှန့်ရဲ့ခါးကျစ်ကျစ်အပေါ်မှာပဲ ဆက်၍ရှိနေသေးဆဲ။

"လက်စသတ်တော့  Mineရဲ့ အကြိုက်တွေဖြစ်ဖို့အတွက်က သင့်တော်တဲ့အကြောင်းပြချက်တစ်ခုရှိနေမှ ရမယ်ထင်တယ် "

" ဟမ် ဘာကိုပြောနေတာလဲ "

" ကိုယ့်ကိုရော "

" ဟင် "

" Mine က ဘာလို့ချစ်တာလဲ "

" ဘာ! "

မိုင်းရဲ့အော်သံဟာ အနည်းငယ်ကျယ်လောင်သွား၏။
ရင်ထဲမှာလည်း ထူးထူးဆန်းဆန်းမေးလာတဲ့သျှန့်ကို နားမလည်မိ။
အရာဝတ္ထု ၊ပစ္စည်း၊တိရစ္ဆာန်နဲ့ အခြားသောဖြစ်တည်မှုတွေကို သဘောကျရာမှာ အကြောင်းပြချက်ဆိုတာ မရှိမဖြစ်လိုအပ်တဲ့အရာလား?
တကယ်လို့ လိုအပ်ခဲ့ရင်တောင် အဲဒီ့လိုအပ်ချက်ကရော တစ်စုံတစ်ယောက်ကို သဘောကျတဲ့ခံစားချက်အပေါ်မှာပါ သက်ရောက်နိုင်သလား?

အလုံးစုံနားမလည်ပေမဲ့ မိုင်း နည်းနည်းတော့စိတ်မကောင်းဖြစ်သွားရ၏။
မဟုတ်မှ..
သျှန်က သူ့အပေါ်ချစ်တဲ့ မိုင်းရဲ့အချစ်ကို အကြောင်းပြချက်တစ်ခုကြောင့်ဆိုပြီး ထင်နေတာများလား?

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Where stories live. Discover now