Chapter 15: Black Heart🖤

3.4K 220 108
                                    

🖤

ရွှီး!

လေတိုးသံတစ်ခုက နားရွက်ဖျားနားကိုပွတ်တိုက်ကျီစယ်သွားသလို အေးခနဲခံစားလိုက်ရတဲ့ခန္ဓာကိုယ်ကြောင့် သူ မျက်လုံးတွေကိုဖွင့်ကြည့်လိုက်မိတော့ မြင်လိုက်ရတာက ပတ်ပတ်လည်မှန်ကြည်တွေပဲ ရှိနေတဲ့ ထူးဆန်းတဲ့နေရာတစ်ခု။ ဘယ်နေရာကိုပဲကြည့်ကြည့် မှန်ချပ်လိုဖြူကြည်ကြည်တွေပဲရှိနေတဲ့ပတ်ဝန်းကျင်မှာ အပေါ်၊အောက်သည်လည်း ထိုနည်းတူ။ သို့ပေမဲ့ ထူးဆန်းလွန်းနေသည်က ပတ်ပတ်လည်မှန်ချပ်တွေမှာ သူ့ရဲ့အရိပ်တွေလုံးဝရှိမနေခဲ့ခြင်းပင်ဖြစ်၏။

" ဒါ ဘယ်နေရာလဲ "

မျက်ခုံးတွေကျုံ့ကာ ခပ်တိုးတိုးရေရွတ်ရင်း သူ ထူးဆန်းနေတဲ့ပတ်ဝန်းကျင်ကိုသာ မျက်တောင်မခတ်တမ်းအကဲခတ်နေမိဆဲ။
သူမှတ်မိသလောက်တော့ သူဟာ သိပ်ကိုလှပပြီးကြောက်စရာကောင်းတဲ့ နော်ဝေတောင်တန်းတွေရှိရာ Preikestolen ချောက်ကမ်းပါးရဲ့ထိပ်ကနေ ခုန်ချခဲ့တာဖြစ်သည်။

ဘာလို့လဲဆိုတော့ နောက်ဘဝမှာရှိနေလောက်မဲ့ အချစ်ဆုံးရှိရာကို လိုက်ပြီးတောင်းပန်ချင်လို့၊ ဆုံးရှုံးခဲ့ပြီးသွားမှ တဖြည်းဖြည်းချစ်မိသွားခဲ့ရတဲ့အတွက် နောင်တတွေဟာသေလောက်အောင် နာကျင်ဝမ်းနည်းရတဲ့အကြောင်းတွေကိုရော အရှက်မရှိတဲ့သူ့လိုကောင်က အနှီလူသားကိုသိအောင်ပြောပြချင်သေးလို့။
သိပ်ကိုရူးမိုက်လွန်းတဲ့အတွေးတစ်ခုပဲဆိုရင်တောင် တစ်ခါလောက်တော့ စိတ်ရင်းနဲ့တောင်းပန်ပါတယ်လို့ ပြောခွင့်ရချင်သေးသည်။

ရွှီး~ရွှီး~

! ! လောကကြီးရဲ့အဆိုးဝါးဆုံးကျိန်စာဖြစ်တဲ့ နောင်တလောကမှ ကြိုဆိုပါတယ် ဝိညာဥ်ငယ် ! !

မိုင်းတစ်ယောက် ဆန်းပြားလွန်းတဲ့နေရာစိမ်းကို လှည့်ပတ်ကြည့်ရှုနေတုန်းမှာပဲ ဝေ့ခနဲတိုက်ခတ်သွားတဲ့လေပြည်အေးအေးနဲ့အတူ နှလုံးသားအောက်ခြေထိတိုင်အောင်အေးစက်သွားလောက်တဲ့ဩရှရှအသံနက်ကြီးကို ရုတ်တရက်ကြားလိုက်ရ၏။

" WTF! ဘာအသံကြီးလဲဟ! "

မိုင်း ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများထသွားကာ ခြေလှမ်းတွေကိုနောက်ဆုတ်မိတဲ့အထိ ကြောက်လန့်သွားရ၏။

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Dove le storie prendono vita. Scoprilo ora