Chapter 4: Black Heart🖤

3.1K 208 78
                                    

🖤

" ခရီးစဥ်က လူမစုံတော့လို့ အစကတည်းက ပျက်သွားခဲ့တာ အစ်ကိုကြီး " တဲ့။

ခရီးသွားမဲ့သူက အိမ်ပြန်ရောက်လာတာမို့ မိုင်းသူငယ်ချင်းတွေဆီ အကျိုးအကြောင်းလှမ်းမေးမိတော့ ကြားရတဲ့စကားက သူ့ရင်ကိုအနည်းငယ်မျှသက်သာစေသည်။
တော်သေးတာပေါ့! ခရီးစဥ်ပျက်သွားတာက သူနဲ့လုံးဝမပတ်သတ်လို့!တော်ကြာ သူ့ကြောင့်ဆိုရင် မိုင်းပိုပြီးစိတ်ဆိုးနေမှာ!

သျှန့်မှာ မိုင်းအနားကို လှုပ်ရှားမှုမှန်သမျှစောင့်ကြည့်ပြီး သတင်းပို့ပေးဖို့အတွက် လူတွေလွှတ်ထားတာရှိသည်။ဒါဟာလည်း မိုင်းကိုစိတ်ပူလို့။မိုင်းတစ်ခုခုဖြစ်နေရင် အရင်ဆုံးသူသိဖို့အတွက်ပဲဖြစ်၏။သျှန့်အတွက်တော့ အရာအားလုံးထက် မိုင်းကသာ ပိုအရေးကြီးသည်မို့။

{ အစ်ကို ။ မိုင်း ( ...)club မှာ မူးနေတယ် }

ဖုန်းထဲဝင်လာတဲ့မက်ဆေ့ချ်ကိုကြည့်ပြီး သျှန် သက်ပြင်းချလိုက်မိ၏။

အဆိုးလေးကတော့ သူ့ရင်ကို အမြဲတမ်းနာကျင်အောင်လုပ်တတ်ပါပေ့!

သျှန် ခေါင်းကိုသာခပ်လေးလေးယမ်းရင်း အပေါ်လက်ရှည်တစ်ထည်ကောက်ဝတ်ပြီး မျက်နှာကဒဏ်ရာတွေကိုဖုံးကွယ်ဖို့အတွက် mask ကိုတပ်ကာ ကားဖြင့် club ကို ပြေးရပြန်သည်။မိုင်းအတွက် စိတ်ပူခြင်းကသာလွန်ကဲနေတဲ့သျှန့်မှာ မနက်ကတည်းက ဘာမှမစားမသောက်ရသေးတာကိုပင် သတိမရ။

>>>>>>>>>>>>>>>>>>>>>>>><

မြင်လိုက်ရတဲ့မြင်ကွင်းက သျှန့်ရဲ့နှလုံးသားတစ်ခုလုံးကို အရှင်လတ်လတ်ဆွဲနှုတ်ပြီး မီးကျီမီးခဲတွေကြား ပစ်ထည့်လိုက်တဲ့အတိုင်း။ ရုတ်တရက် အသက်တောင်မရှူနိုင်ဖြစ်သွားတာမို့ မျက်နှာပေါ်က maskကိုအမြန်ဆွဲဖြုတ်လိုက်ရသည်။

မိုင်း...
ခေတ်ဆန်ပြီး မလုံမခြုံဝတ်ထားတဲ့မိန်းမလှလေးတွေကြားမှာ မြူးထူးကာ ယိမ်းထိုးလို့ကခုန်နေတဲ့ မိုင်း။
ဟုတ်တာပေါ့!
မိုင်းဟာ အရင်ကတည်းက အပျော်အပါးကိုခုံမင်ပြီး ဘဝကိုစိတ်တိုင်းကျပုံဖော်နေခဲ့တဲ့ကောင်ကလေးပဲ။

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Dove le storie prendono vita. Scoprilo ora