Chapter (1)

1.6K 86 0
                                    

မိုးကောင်းကင်အောက်မှကလဲ့စား
Chapter (1)
အကယ်၍ နောက်ဘဝမှာ ငါ့ဓားကိုသာ ပြန်ကိုင်ခွင့်ရခဲ့မယ်ဆိုရင် မိစ္ဆာတွေ အကုန်လုံးကို သတ်ဖြတ်ပစ်ပြီး မိုးကောင်းကင်တစ်ခွင်လုံးကြားအောင် ဟားတိုက်ရယ်မောပစ်ချင်တယ်

  ဝုန်းးး!!!

ထိုအသံကြီးသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသကဲ့သို့ပင် ကျယ်လောင်စွာ မြည်ဟည်းသွားပါသည်။

အလွန်ကြီးမားလှသည့် တောင်ကြီးတစ်ခုသည် အစိတ်အမွှာမွှာပေါက်ကွဲသွားပြီး ကျောက်တုံးအပိုင်းအစများသည်လည်း လေထဲသို့ လွှင့်ပြန့်ကုန်ကြသည်။ပေါက်ကွဲထွက်သွားသည့် အရှိန်ကြောင့် ဖုန်မှုန့်များသည် တိမ်တိုက်များသဖွယ် ဖြစ်တည်သွားပြီး အရာရာမှုန်မှိုင်းသွားပါတော့သည်။

ရုတ်တရက်ဆိုသလိုပင် တိမ်တိုက်သဖွယ်ဖြစ်တည်နေသော ဖုန်မှုန့်များကြားမှ လူရိပ်ပုံသဏ္ဍန်တစ်ခုသည် ထွက်ပေါ်လာခဲ့ပါသည်။ထိုပုံရိပ်သည် မုန်တိုင်းကြားမှ မိုးကြိုးလျှပ်စီးကဲ့သို့ တောက်ပဖြာထွက်နေသော အလင်းရောင်များနှင့်အတူ ထွက်ပေါ်လာပြီး အရှေ့ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားသည်။ ပျံသန်းမှုအရှိန်သည် မြန်ဆန်လွန်းလှသည့်အတွက် သူသွားရာလမ်းတစ်လျှောက်တွင် ဖုန်မှုန့်တန်းကြီးထသွားပုံသည် တရုတ်နဂါးကြီးတစ်ကောင် အရှေ့ဘက်ဆီသို့ တွားသွားနေသည့် ပုံသဏ္ဍာန်နှင့်ပင် တူနေပေသည်။

ထိုပုံရိပ်၏နောက်တွင် လူအုပ်ကြီးတစ်စုသည်လည်း တိမ်တိုက်များကြားတွင် ဖြတ်သန်းနေကြသောကြောင့် ရှည်လျားလှသော အငွေ့အတန်းကြီးပင် ဖြစ်ပေါ်နေပါသည်။ထိုလူအုပ်ကြီးသည် သူတို့၏ရှေ့မှလူနောက်သို့ အသိစိတ်ကင်းမဲ့နေသည့် အရူးတစ်ယောက်ကဲ့သို့ပင် သဲကြီးမဲကြီးဖြင့် လိုက်နေပါသည်။

" ဂိုဏ်းကြီးသုံးအုပ်စုတောင် တစ်အုပ်စုတည်းပေါင်းစည်းသွားကြပြီပေါ့။စုစုပေါင်း သိုင်းသမား (၃၄၉၆)ယောက်တောင်မှ မိုင်ပေါင်း (၃၇၀၀၀) လောက်ဖြတ်ပြီး ငါ့ကိုဖမ်းဖို့အတွက် လိုက်လာကြတယ်အဟက်....မင်းတို့ကောင်တွေက ငါ့ကိုရှင်းပစ်ဖို့ အဲ့ဒီလောက်တောင် ကြိုးစားအားထုတ်နေကြတယ်ပေါ့လေ!!"

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now