Chapter - 205 "တစ်စုံတစ်ယောက်"

369 26 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 205

“တစ်စုံတစ်ယောက်”

ရေခဲတောင်ကြီးတွင် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ဖူးသည်။

မူလတာအိုအဆင့်ရှိ ထိပ်တန်းအဆင့် ပညာရှင်ကြီးတစ်ဦးဖြစ်သည့် ဂုဂျင်လုံသည် ရေခဲတောင်ကြီးမှာပင် သေဆုံးခဲ့ရသည်။ ရဲရှောင်နှင့် စုယဲ့ယွဲ့တို့သည်လည်း ယခုနေရာတွင်ပင် တိုက်ခိုက်ခံခဲ့ရပြီး စုယဲ့ယွဲ့၏ ဆရာဖြစ်သူနှင့် ဆုံတွေ့ခဲ့ရသည်။ ယခုအခါတွင်လည်း ဝမ်ရမ်ချူးချူးသည် သူ၏ နောက်သို့ ပြေးလိုက်နေပြန်လေသည်။

ရဲရှောင်အတွက် ကံကောင်းမှုဟုပင် ဆိုရမည်လော သို့မဟုတ် ကံဆိုးမှုဟုပင် သတ်မှတ်ရမည်လော မသိတော့ချေ။

ဝမ်ရမ်ချူးချူးအား ရဲအိမ်တော်သို့သာ ခေါ်သွားမည် ဆိုပါက ဖခင်ဖြစ်သူ ရဲနန်ရှန်လည်း မရှိသဖြင့် သူမအား မည်သူကမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

ရဲရှောင်သည် သူ၏ မိသားစုအား အန္တရာယ်တွင်းထဲသို့ ဆွဲမခေါ်စေချင်သည့်အပြင် သူ၏ သရုပ်အမှန်ကိုလည်း မသိစေချင်သေးပေ။ ထို့ကြောင့် လွတ်မြောက်နိုင်မည့် နေရာသည် ရေခဲတောင်ကြီးမှလွဲ၍ အခြားနေရာ မရှိတော့သည့်အတွက် ယခုနေရာသို့ပင် ပြေးလာရခြင်း ဖြစ်သည်။

ထိုရေခဲတောင်ကြီးသည် ရဲရှောင်အတွက်မူ ဒုတိယအိမ်ဆိုလည်း မမှားချေ။ အဘယ့်ကြောင့်ဆိုသော် ရေခဲချီဓာတ်များဖြင့် သူ့စိတ်တိုင်းကျ တည်ဆောက်ထားခဲ့သည် မဟုတ်ပါလော။ ထို့ပြင် တောင်ပေါ်တွင် ဂုဂျင်လုံအား ထောင်ချောက်ဆင်နိုင်ရန်အတွက် ရှုပ်ထွေးသည့် လမ်းများစွာ ဖောက်လုပ်ထားခဲ့သည်။ ထိုအရာများသည် ယခုကဲ့သို့ အန္တရာယ်နှင့် ရင်ဆိုင်ရသည့် အချိန်တွင် သူ့အတွက် များစွာ အကျိုးပြုပေလိမ့်မည်။ အကယ်၍ စုယဲ့ယွဲ့သာ သူ့စကားနားထောင်၍ ထိုလမ်းများမှ ထွက်ပြေးနိုင်ခဲ့မည်ဆိုပါက ရန်သူများလက်မှ ကျိန်းသေပေါက်ပင် လွတ်မြောက်နိုင်ခဲ့ပေလိမ့်မည်။

မြူခိုးများသည် တောင်ကြီးတစ်ခုလုံးအား လွှမ်းခြုံရစ်သိုင်းထားသည်။ ရဲရှောင်သည် အဆိုပါ မြူခိုးများအကြားတွင် တိုးဝင်ပျောက်ကွယ်သွားသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now