Chapter - 198 "ထီးနှင့်တူသော သမီး"

373 25 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 198

“ထီးနှင့်တူသော သမီး”

ချန်နိုင်ငံတော်အတွင်းသို့ ရန်သူများ ကျုးကျော်ဝင်ရောက်ရန် အလွယ်ဆုံး ဖြတ်လမ်းသည် တောင်ကြားလမ်းပင် ဖြစ်သည်။ အကယ်၍ တောင်ကြားလမ်းမှ မဟုတ်ဘဲ အခြားလမ်းများမှ သွားမည်ဆိုလျှင် ဘေးနားတွင် ဝန်းရံထားသော တောင်များအား ကွေ့ပတ်ကာ မိုင်ပေါင်းသောင်းနှင့် ချီ၍ ခရီးနှင်ကြရမည် ဖြစ်သည်။

တောင်ကြားလမ်းမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာလျှင်လည်း မင်းသားဟွာရန်းတို့ဘက်မှ စစ်အင်အား ၅၀၀၀ ခန့်လောက်ဖြင့် အလွယ်တကူ တားဆီးနိုင်မည့် အနေအထားပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ရန်သူများအဖို့ အချိန်ကုန်သက်သာစေရန်အတွက်သည် တောင်ကြားလမ်းမှ ချီတက်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

ယခုကဲ့သို့သော အခြေအနေများကြောင့် မူလက ချမှတ်ထားခဲ့ကြသော တိုက်ခိုက်ရေး ဗျူဟာများ သည်လည်း အသုံးမဝင်တော့ချေ။

တောင်များအား ကျော်တက်၍ သွားရန်မှာလည်း မဖြစ်နိုင်သည့် ကိစ္စတစ်ခုပင် ဖြစ်သည်။ တောင်များသည် မြင့်မားလွန်းသဖြင့် တောင်ထိပ်ကိုပင် မျက်စိဖြင့် မမြင်နိုင်ရန်ပင် ခက်ခဲလွန်းလှသည်။ရန်သူများသည် ခြေကုန်လက်ပန်းကျ၍ လမ်းတစ်ဝက်မှာပင် သေကြေပျက်စီးနိုင်ပေသည်။

ရန်သူများသည် ဒေါသအကြီးအကျယ်ပင် ထွက်နေကြသည်။

“တောက် . . . ဘယ်လိုတွေ ဖြစ်ကုန်ရတာလဲ။ အိပ်မက်များ မက်နေတာလားကွာ . . .”

ရန်သူ့တပ်ဖွဲ့မှ စစ်သူကြီးတစ်ဦးသည် ဒေါသထွက်လွန်းသဖြင့် မချိတင်ကဲပင် ရေရွတ်လိုက်သည်။

. . .

လန်လန့်လန့်၏ ဖခင်ဖြစ်သူ စစ်သူကြီးလန်သည် ရွက်ဖျင်တဲ အတွင်းမှ အပြင်သို့ ထွက်လာသောအခါ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ကြက်သေသေသွားလေသည်။

“ဘယ် . . . ဘယ် . . . ဘယ်လို ဖြစ်သွားတာလဲ . . .”

စစ်သူကြီးလန် မေးလိုက်သည့် မေးခွန်းအား မည်သူမျှ မဖြေနိုင်ကြချေ။ သူ၏ ဘေးနားရှိ စစ်သည်များသည်လည်း ပါးစပ်အဟောင်းသားပင် ဖြစ်နေကြလေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားOpowieści tętniące życiem. Odkryj je teraz