Chapter - 116 "သူမကိုသတ်တာသူကိုယ်တိုင်လား"

394 40 0
                                    

မိုးကောင်းကင်အောက်မှကလဲ့စား

စာစဉ် - 9

Chapter – 116

“သူမကိုသတ်တာသူကိုယ်တိုင်လား”

ဖန်ဇီလင် ပါးစပ်အဟောင်းသားဖြင့် သူ့လက်များကို ခါယမ်းလိုက်ရင်း -

“ဘယ်လိုဖြစ်တာလဲ၊ ကျုပ်ရဲ့ အရိုးတွေတော့ အက်ကုန်ပြီ ထင်ပါတယ်ဗျာ၊ နောင်ကြီးဂု . . . ခင်ဗျားက ကျုပ်ကို အသေကိုင်ထားတာ ကျုပ်ဖြင့် လက်တောင် ပြုတ်ထွက်မတ် ခံစားလိုက်ရတယ် . . .”

ဂုဂျင်လုံလည်း မျက်လုံးပြူးလျက် ဆွံ့အလျက် ရှိနေမိ၏။

(ငါက မင်းကို အသေကိုင်ထားတော့ မင်းလက် ပြုတ်ထွက်မတတ် ဖြစ်တယ် ဟုတ်လား . . . ငါက ရူးနေတဲ့ လူမှ မဟုတ်တာ ငါဆွဲခေါ်တာ မဟုတ်ဘူး၊ မင်းကို ငါအပြင်ဘက်ကို ဆွဲခေါ်လိုက်တာ မဟုတ်ဘူး ဆိုတာ ငါနတ်ဘုရားတွေ ဆီမှာတောင် ကျိန်တွယ်ဝံ့တယ်။ မင်းလက်ကို ရိုးရိုးလေးပဲ ကိုင်ထားတာ အစီအရင်ကြောင့် လွင့်ထွက်သွားတာကွ . . .)

ဂုဂျင်လုံသည် တခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် -

“ကြည့်ရတာ ခရမ်းရောင် ကြာပန်းသခင်က ဒီတောင် လုံလုံခြုံခြုံ ရှိနေအောင်လို့ ထူးဆန်းတဲ့ အစီအရင်တွေ လုပ်ထားခဲ့တာ ထင်တယ်။ မင်းတစ်ယောက်တည်း ဒီတောင်ကို ဝင်ထွက် သွားလာနိုင် အောင် လုပ်ထားတာပဲ ဖြစ်ရမယ်။ မင်းဆရာတောင် ဆေးလုံးတွေ လုပ်ပြီးတဲ့ အချိန်ကျရင် ထွက်မရ ဖြစ်နေမှာ မြင်ယောင်မိနေသေး . . .”

ဂုဂျင်လုံသည် သူသာ ခရမ်းရောင်ကြာပန်းသခင် နေရာမှာ ဆိုလျှင်လည်း ထိုကဲ့သို့ပင် လုပ်မိမည် ဆိုတာ အသေအချာပါပင်။ ဖန်ဇီလင်၏ ဆရာဖြစ်သူ အနှောင့်အယှက် ဖြစ်သွားမည်ကိုလည်း သူစိုးရိမ် နေမိလေ၏။ ရဲရှောင်မှာမူ သူပြောစရာ မလိုအောင်ပင် ဂုဂျင်လုံ သဘောပေါက်သွားသည့်အတွက် ကျေနပ် သွားမိပါတော့သည်။

ဂုဂျင်လုံလည်း -

“ငါသွားတော့မယ်၊ နောက်ပိုင်း အခွင့်ကြုံမှ မင်းရဲ့ ဆရာနဲ့ တွေ့တာပေါ့ . . .”

ရဲရှောင်သည် ထပ်မံ၍ အားမလျော့သေးသည့် ဟန်မျိုးဖြင့် -

“လာပါ ထပ်ပြီး ကြိုးစားကြည့်ရအောင်ပါဗျာ။ နောင်ကြီးဂု . . . ခင်ဗျား ဒီတစ်ခါ ဆိုရင်တော့ အောင်မြင်မှာ သေချာပါတယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now