Chapter - 90 ဒေါသထွက်နေသောအိမ်တော်ထိန်းကြီး

405 36 0
                                    

Chapter – 90 ဒေါသထွက်နေသောအိမ်တော်ထိန်းကြီး

ရဲရှောင်သည် အိမ်ရှေ့မင်းသား၏ နန်းတော်မှ ဇုဝူကျီ၊ လန်လန့်လန့်တို့နှင့် အတူ ရယ်မောရင်း ထွက်လာခဲ့၏။ ဘာမှ မဖြစ်ပျက်ခဲ့သလို အိမ်ကို ပြန်လာခဲ့ခြင်းပင် ဖြစ်သည်။

သူတို့ လမ်းမခွဲကြခင်တွင် ရဲရှောင်သည် လန်လန့်လန့်အား ဆေးလုံးတစ်လုံးကို ထုတ်ပေးခဲ့ပြီး -

“လန်လန် . . . ဒီဆေးလုံးကို ယူသွား၊ အိမ်ရောက်ရင် ရေနွေးနွေးမှာ အရည်ဖျော်ပြီး ၃ ခွက်ခွဲလိုက်၊ မနက် နေထွက်ချိန်တိုင်း တစ်ခွက်ကို မင်းမျက်နှာသစ်မဲ့ ရေနဲ့ရောပြီး မင်းခေါင်းကို ဆေးလိုက်၊ ၃ ရက်နေရင် မင်းရဲ့ အနာတွေ ပျောက်သွားလိမ့်မယ် . . .”

“တကယ်ကြီးလား . . .”

လန်လန့်လန့် အံ့သြတုန်လှုပ်ဟန်ဖြင့် မေးလိုက်သည်။

“ဒါက မင်းရဲ့ တစ်ဘဝလုံးရဲ့ ရုပ်ရည်နဲ့ ဆိုင်တဲ့ ကိစ္စနော် ငါ့ကို နောက်နေတယ်များ ထင်နေတာ လား . . .”

ရဲရှောင် မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။

“ဟေး . . . ဟေး . . . တကယ်လို့ အလုပ်မဖြစ်ခဲ့ရင်တောင် တကယ် ကျေးဇူးတင်ပါတယ်ကွာ၊ ဒီအနာတွေက ငါ့ရဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်ကို ဖျက်ဆီးနေတာလေ။ မင်းမှန်တယ်၊ ဒါက င့ါတစ်ဘဝလုံးနဲ့ ဆိုင်တဲ့ ကိစ္စတစ်ခုပဲ . . .”

လန်လန့်လန့် ဆေးလုံးအား အလျင်အမြန် ယူလိုက်ရင်း ပြောလိုက်သည်။ ဆက်လက်၍လည်း -

“မင်းတို့ နေခဲ့ကြတော့၊ ငါကတော့ အိမ်မြန်မြန် ပြန်လိုက်ဦးမယ်။ ငါ့မျက်နှာနဲ့ ခေါင်းကို ဆေးဖို့ မနက်ဖြန်ထိတောင် မစောင့်ချင်တော့ဘူးကွာ ဟားဟားဟား . . . ဒီအနာတွေ သုံးရက်တည်းနဲ့ အပျောက်ပဲ . . .”

လန်လန့်လန့် ပျော်ရွှင် မြူးထူးစွာဖြင့် ထွက်ခွာသွားလေ၏။

ဇုဝူကျီမှ အထင်သေးဟန်ဖြင့် -

“အနာတွေ မရှိရင်လည်း တော်တော် ကြည့်ကောင်းတဲ့ ရုပ်ဆိုတော့ . . . အဲဒါကိုများ သူ့ကိုယ်သူ ချောမောခန့်ညားတယ် ဆိုပဲ ဖွီ . . .”

“ငါလည်း ဘာမှ ပြောစရာ မရှိတော့ အိမ်ပြန်တော့မယ်။ ငါပထမတုန်းကတော့ မင်းတို့နဲ့အတူတူ သောက်ဦးမလားလို့ပဲ၊ အခုတော့ လန်လန့်လန့်ရဲ့ အပြုအမူကြောင်း ဖီးလ်အောက်သွားပြီကွာ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora