Chapter -12 "ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်"

629 54 1
                                    

Chapter -12

“ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်”

ကွမ်ဝမ်ရှန် ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ...

"မင်းပြောတာ မှန်ပါတယ်။ ဆေးပညာရှင်ကြီးက ဒီလို အခွင့်အရေးမျိုး ပေးတာကိုက ငါ့အတွက် ဂုဏ်ယူစရာ ကောင်းနေပါပြီ။ အင်း ... ငါတို့မှာ အဖြေရှာဖို့ အတွက် နောက်နည်းလမ်း တစ်လမ်းတော့ရှိမှာပါ။ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့တော့ ဖြေရှင်းလို့ရမှာပါ။ မင်းရော ဘယ်လိုထင်လဲ"

ရဲရှောင် မျက်မှောင်ကြုတ် လိုက်ရင်း ...

"ဘယ်လို သွယ်ဝိုက်တဲ့ နည်းလမ်းလဲ"

"သွယ်ဝိုက်တဲ့ နည်းလမ်းဆိုတာ မရှုပ်ထွေးပါဘူး လွယ်ပါတယ်။ ငါတို့က မင်းကို ဆေးရဲ့တန်ဖိုး အတွက်ဆိုပြီး ပိုက်ဆံ အရင်ပေးမယ် ပြီးရင် မင်းက အဲဒီ ပိုက်ဆံတွေနဲ့ ငါတို့ လေလံပွဲကို လာတက်ပေါ့ ဒါမှမဟုတ်ရင် ရတနာပစ္စည်း တစ်ခုခုကို လေလံ ဆွဲလိုက်လေ။ အဲဒီနည်းလမ်းက မင်းရော ငါရော နှစ်ယောက်စလုံး အတွက် အဆင်ပြေဆုံး နည်းလမ်းပဲ"

ရဲရှောင် ကွမ်ဝမ်ရှန်အား တစ်ချက် ကြည့်လိုက်ရင်း တည်ကြည် လေးနက်စွာဖြင့် ...

"လေလံပွဲမှာ ငါရှုံးသွားပြီး ရတနာ ပစ္စည်းကို မရခဲ့ရင်ရော"

ကွမ်ဝမ်ရှန် ပြုံးလိုက်ရင်း ...

"နောင်ကြီးဖန်ကို ကြည့်ရတာ လေလံပွဲတွေရဲ့ အကြောင်း ကောင်းကောင်းကို သိနေတဲ့ပုံ။ ဟူး ... ဒီနေ့ ဘာမှကို လွယ်လွယ်ကူကူနဲ့ မပြီးပါလား။ ရတနာ ပစ္စည်းတွေကို ပိုင်ရှင် တစ်ယောက်တည်းက ပိုင်တာ မဟုတ်ဘူး။ အုပ်ချုပ်ရေး ပိုင်းကလည်း သေချာ စောင့်ကြည့် နေကြတယ်။ ဒါပေမဲ့လည်း မြို့ထဲမှာ ငါတို့ဒီလို ရပ်တည် နေနိုင်တာ ငါတို့မှာလည်း လျှို့ဝှက် နည်းလမ်းတွေ ရှိပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ဒီလို များပြားလှတဲ့ ကမ္ဘာအနှံ့က ရတနာ ပစ္စည်းတွေကို ဘယ်လို စုဆောင်းနိုင်မှာလဲ"

ကွမ်ဝမ်ရှန်သည် ထိုစကားများအား ဂုဏ်ယူ ဝင့်ကြွားစွာဖြင့်ပင် ပြောဆို နေလေသည်။

ရဲရှောင် အနည်းငယ် တုန်လှုပ်သွားပြီး ကွမ်ဝမ်ရှန်အား ပြန်ပြော လိုက်သည်မှာ ...

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now