မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 204
“မိန်းမများ၏စိတ်”
ဝမ်ရမ်ချူးချူးသည် ဒေါသအမျက်ချောင်းချောင်း ထွက်နေသောကြောင့် အံတစ်ချက် ကြိတ်လိုက်ရင်း -
“ဖန်ဇီလင် . . . ရှင့်ကို သတ်ဖို့ ကျွန်မကို တွန်းအားလာမပေးနဲ့နော် . . .”
ရဲရှောင် ရုတ်တရက် ကြောင်သွားပြီး -
“ငါ့ကိုသတ်ဖို့ ဟုတ်လား။ ဘာလို့လဲ မင်းဆရာကို ငါကုပေးဖို့ မလိုအပ်တော့ဘူးလား . . .”
ရဲရှောင်၏ စကားအဆုံးတွင် ဝမ်ရမ်ချူးချူးသည် ရဲရှောင်ထံသို့ တဟုန်ထိုး ပြေးသွားလိုက်သည်။ ထို့နောက် သူမ၏ လက်မှ ဝတ်ရုံစများအား ဝေ့ယမ်းလိုက်ပြီး ဖြူဖွေးသည့် လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ ထို လက်သီးများဖြင့် ရဲရှောင်အား အဆက်မပြတ်ပင် ထိုးနှက်ရန် ကြိုးစားလိုက်သည်။
ရဲရှောင်သည် ကောင်မလေးမှ သူ့အား အမှန်တကယ် တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားခဲ့မိချေ။ ဝမ်ရမ်ချုးချူးသည် ရဲရှောင်ထံမှ အကူအညီအား လိုအပ်နေသူဖြစ်သည့်အတွက် အလိုမကျဖြစ်နေသည့်တိုင် အကူအညီပေးမည့်လူအား အသားလွတ် မတိုက်ခိုက်သင့်ပေ။
ယခုကဲ့သို့ ပြင်းထန် မြန်ဆန်လှသည့် တိုက်ကွက်များဖြင့် တိုက်ခိုက်လာမည်ဟုလည်း ထင်မှတ်မထားခဲ့ချေ။
ရဲရှောင်အနေဖြင့် တိုက်ရည်ခိုက်ရည်ပိုင်းတွင် အတွေ့အကြုံ ကြွယ်ဝသည့် လူတစ်ဦးဖြစ်သောကြောင့်သာ ကံကောင်းသွားသည်ဟု ဆိုရပေမည်။ မမျှော်လင့်ထားသော တိုက်ခိုက်မှုကြောင့် ရုတ်တရက် အံ့သြသွားသော်လည်း ပြာယာခတ်သွားခြင်းမျိုး မရှိဘဲ အလိုက်အထိုက်ဖြင့်သာ ဘေးသို့ ရှောင်တိမ်းလိုက်ရင်း သူ၏ လက်အား မြောက်လိုက်သည်။
“ဘုန်း”
ဝမ်ရမ်ချုးချုး၏ တိုက်ခိုက်မှုအား သူ၏ ရွှေလက်ဖြင့် ရိုက်ချလိုက်ပြီး ချက်ချင်းပင် နောက်သို့ ဆုတ်ခွာလိုက်သည်။
ဝမ်ရမ်ချူးချူးနှင့် ယခင်ကလည်း တိုက်ခိုက်ခဲ့ဖူးသည့်အတွက် ယခုအခေါက်သည် ရဲရှောင်အတွက် အထူးအဆန်း မဟုတ်တော့ပေ။ ပထမအကြိမ်တွင် သူ့ထံ၌ လုံလောက်သော အင်အား မရှိသေးသောကြောင့်သာ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ထိုကဲ့သို့ မဟုတ်တော့ချေ။ ထို့ပြင် ဝမ်ရမ်ချူးချူးသည်လည်း မတွေ့ရသည့် အချိန်အတောအတွင်းမှာပင် အဆင့်များစွာ တိုးတက်လာခဲ့သည်။ ယခင်အခေါက် ရဲရှောင်နှင့် တိုက်ခိုက်ခဲ့စဉ်တွင် သူမသည် မြေကြီးအဆင့် ၉ သာ ရှိနေခဲ့သည်။
YOU ARE READING