Chapter - 163"ကျုပ်ကသူရဲကောင်းတစ်ယောက်မဟုတ်ဘူး"

378 30 0
                                    

မိုးကောင်းကင်အောက်မှကလဲ့စား

စာစဉ် - ၁၂

Chapter – 163

“ကျုပ်ကသူရဲကောင်းတစ်ယောက်မဟုတ်ဘူး”

မြောက်ပိုင်းနယ်မြေတွင် အထင်ရှားဆုံး အင်အားအကြီးဆုံး ဖြစ်သည့်တိုင် စစ်သူကြီးများသည် ဝံပုလွေအင်အားစုအား အမှန်တကယ်ပင် အထင်သေးလျက် ရှိသည်။

ရွက်ဖျင်တဲကြီး အတွင်းတွင် ရယ်သံများဖြင့် ပြန့်လွင့်လျက်ရှိသည်။

သူတို့အတွက်မူ ခက်ခဲကြမ်းတမ်းလှသည့် တိုက်ပွဲကြီးသည် ပျော်ရွှင်ဖွယ်ရာကောင်းသည့် ကစားပွဲ တစ်ခုကဲ့သို့ပင်။

စစ်သူကြီးရဲ သာရှိနေလျှင် မည်သည့်တိုက်ပွဲမဆို လွယ်ကူနေပေလိမ့်မည်။

သို့သော် မမျှော်လင့်စရာ ကိစ္စတစ်ခု ပေါ်လာမည်ကိုမူ မည်သူမျှ မသိခဲ့ကြပေ။

ရွက်ဖျင်တဲ၏ အပြင်ဘက်မှ -

“စစ်သူကြီးခင်ဗျား . . . စစ်သူကြီးရဲ့ မိသားစုဆီက အရေးပေါ် စာလာပါတယ် . . .”

ရဲနန်ရှန် မျက်မှောင်ကြုတ်လိုက်ရင်း -

“အရေးပေါ်စာ ဟုတ်လား . . . ဘယ်လိုဖြစ်လို့ အခုချိန် စာလာရတာလဲ . . .”

စစ်သူကြီးမာသည် ရယ်မောလိုက်ရင်း -

“ကျုပ်တို့ရဲ့ စစ်သူကြီးအိမ်က စာမလာတာ နှစ်ဝက်လောက်တောင် ရှိနေပြီနော်။ အခုမှပဲ လာတော့တယ် . . .”

စစ်သူကြီးမာသည် အပြင်ဘက်သို့ ထွက်၍ စာသွားယူလိုက်သည်။ ထို့နောက် ရဲနန်ရှန်အား လက်ထဲရှိစာကို ပြလိုက်ရင်း -

“ခေါင်းဆောင် . . . တကယ့်အရေးပေါ်စာပဲ၊ ဒီမှာ သွေးတံဆိပ်တုံး ထုထားတယ် . . .”

ရဲနန်ရှန် ခေါင်းညိတ်လိုက်ပြီးနောက် စာကို ဖွင့်ကြည့်လိုက်သည်။

တစ်ချက်ကြည့်ပြီးသည့်နောက် ရဲနန်ရှန်၏ မျက်နှာ အမူအယာသည် ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။

မူလက ရဲရင့်ပြတ်သားသည့် မျက်နှာသည် ချက်ချင်းပင် သွေးမရှိတော့သကဲ့သို့  ဖြူရော်သွားလေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now