Chapter - (22) ရယ်ရလွန်းရင် ငိုရတတ်တယ်
ဝမ်ရှောင်နမ် အိမ်သို့ ပြန်ရောက်သောအခါ အလွန်အမင်းပင် ဝမ်းသာပျော်ရွှင်မိနေလေသည်။ ယခုအချိန်လောက်ဆိုလျှင် ရဲရှောင်သေနေလိမ့်မည်ဟုပင် သူ တထစ်ချ ယုံကြည်နေမိသည်။
"အဟက် . . . ရဲရှောင် . . . ရဲရှောင် . . . မင်းက ငါ့ကို လာပြီးခြိမ်းခြောက်ရဲတာကို။ ငါနည်းနည်းလေး အကွက်ရွှေ့လိုက်တာ အခုတော့ မင်းသေရပြီမှတ်လား"
ဝမ်ရှောင်နမ်သည် သူ့အတွေးနှင့်သူ ကြိတ်၍ ပျော်နေမိသည်။ ဝမ်ဒါနမ်သည် သူ၏သား ဝမ်ရှောင်နမ်တစ်ယောက် အရင်နေ့များနှင့်မတူဘဲ အူမြူးပျော်ရွှင်နေသည့်ပုံအား သတိထားနေမိလေသည်။ ရဲရှောင်အား သွေးဂျင်ဆင်း ပေးလိုက်သည့်ကိစ္စနှင့် ပက်သက်၍ သူ၏ သားသည် အလွန်တရာမှပင် စိတ်ထိခိုက်သွားပြီး သူ့အား ယခုအချိန်ထိ စကားပြန်မပြောသေးပေ။
ဝမ်ရှောင်နမ်သည် ဖြစ်လာနိုင်သည့် အကြောင်းအရာများအား ကြိုတွေးကြည့်မိလိုက်သည်။ အကယ်၍ ရဲရှောင်သေဆုံးခဲ့ပါက စစ်သူကြီးသည် သူ့သားကို သတ်သည့် တရားခံအား သေချာပေါက်ပင် မြေလှန်ရှာ၍ ပြန်လက်စားချေပေလိမ့်မည်။
သူ့အနေဖြင့် ရဲရှောင်ကိစ္စနှင့်ပက်သက်၍ ယခုအချိန်၌ တိတ်တိတ်ဆိတ်ဆိတ်နေရန်မှာ အကောင်းဆုံးပင် ဖြစ်ကြောင်း သိလေသည်။
ဝမ်ရှောင်နမ်သည် သူ့အိမ်၌ နှစ်ရက်တိတိပင် ကောင်းကောင်း အနားယူနေရင်း သူမျှော်လင့်နေသည့် သတင်းကောင်းရောက်လာရန် စောင့်မျှော်လျက်ရှိသည်။ ဝမ်ရှောင်နမ်သည် ရဲရှောင်နှင့် ပက်သက်သည့် အကြောင်းအရာများအား မရေမတွက်နိုင်အောင်ပင် စဉ်းစားနေမိလေသည်။
[ရဲရှောင် သေတော့ ဘယ်လိုပုံစံမျိုးနဲ့ သေတာပါလိမ့်။ ဆိုးဆိုးရွားရွားကြီးကို အသတ်ခံရတာလား။ သူသေရတာ ငါ့ကြောင့်ဆိုတာကိုရော သူသိသွားရဲ့လား]
နောက်တစ်ရက် ကုန်ဆုံးသွားခဲ့ချေပြီ။ ဝမ်ရှောင်နမ်သည် ရဲရှောင်သေဆုံးသွားပြီဆိုသည့် သတင်းအား စောင့်မျှော်နေဆဲပင်။
နောက်ဆုံးတွင် သူ့ထံသို့ သတင်းတစ်ခုသည် ရောက်ရှိလာခဲ့သည်။
VOUS LISEZ