Chapter – 71 နှလုံးသားထဲကမီးတောက်
အလောင်းများနှင့် အနီးဆုံး ဖြစ်နေသည့် ဆိုင်ခန်းများမှာ ကံဆိုးမှုနှင့် ကြုံတွေ့လိုက်ရခြင်းပင် ဖြစ်လေသည်။ ဆိုင်ရှင်များမှာလည်း အဖြစ်အပျက်များကို ကြည့်ရင်း မျက်နှာမသာမယာ ဖြစ်နေကြလေ၏။ သို့သော်လည်း ယခုကိစ္စအား ဘာမှမတတ်နိုင်ဘဲ လက်ပိုက်၍သာ ကြည့်နေကြရပါတော့သည်။
သူတို့မှာ ကောင်းရောင်းကောင်းဝယ် လုပ်စားနေကြတာ ဖြစ်သော်လည်း ကံဆိုးမှုကတော့ သူတို့ဆီသို့ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသလိုပင် ဖြစ်နေလေ၏။
သို့သော် နတ်လက်များအဖွဲ့မှ လူများမှာ ပိုမို၍ပင် အခြေအနေဆိုးရွားသွားကြသည်။
သူတို့သည် မြို့တော်သို့ လက်နက်ပစ္စည်း အမြောက်အများ သယ်ဆောင်လာခဲ့ကြခြင်းဖြစ်ပြီး သူတို့မျှော်လင့်ထားခဲ့ကြသလို လူအများအပြားကိုလည်း ဆွဲဆောင်နိုင်ခဲ့ပါသည်။
ယခုအကြိမ်တွင်တော့ အတော်များများကို ရောင်းကောင်းမည်ဟု လူအုပ်ကြီးအား ကြည့်ရင်း စိတ်လှုပ်ရှားခဲ့မိကြသည်။
သို့သော်လည်း သူတို့ စိတ်လှုပ်ရှား ပျော်ရွှင်၍ မဆုံးခင်မှာပဲ အဖြစ်အပျက်များမှာ မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားခဲ့လေသည်။
လူသုံးဦးမှာ ရုတ်တရက် ဆိုသလို မြေပြင်ပေါ် လဲကျသေဆုံးသွားခဲ့ကြသည်။
တကယ်ကို ဆိုးရွားသော ကံဆိုးမှုကြီးပါပင်။
အားလုံး၏ မျက်နှာများ ချက်ချင်းပင် ပျက်ယွင်းသွားကြလေ၏။
လူအုပ်ကြီး ပြန့်ကျဲသွားပြီး ထွက်ခွာသွားကြသည်ကိုကြည့်ရင်း နတ်လက်များ အဖွဲ့မှ ပညာရှင်များ မှာ မျက်မှောင်ကြုတ်သွားကြသည်။
အတွေးများစွာလည်း ခေါင်းထဲ ဝင်လာလေတော့၏။
(ဒီလူတွေ သေသွားခဲ့တာ ငါတို့ကိုများ လာပတ်သက်နေမလား . . .)
. . . . . .
ဖရိုဖရဲဖြစ်ပေါ်နေမှုများအား အကာအကွယ်ယူကာ ရဲရှောင်သည် လူတစ်ဦးကို ဆွဲခေါ်လျက် လမ်းကြားတစ်ခုအတွင်းသို့ ဝင်လာလေ၏။ နံရံများကြား ဖြတ်ကျော်လာခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ ပုန်းခိုလို့ကောင်းမည့် နေရာတစ်ခုအား တွေ့လိုက်ရလေ၏။
YOU ARE READING