မိုးကောင်းကင်မှ ကလဲ့စား
Chapter – 4
မင်းပိုက်ဆံလိုရင်ငါချေးမယ်
ဇူဝူကျီ၏ မျက်လုံးများသည် ၀မ်းသာအားရဖြင့် တလက်လက် တောက်ပသွားသည်။ သို့သော် ရုတ်တရက် စိတ်ဓာတ်ကျသွားဟန်ဖြင့် -
“အဲဒီလောက် မလွယ်ဘူးကွ . . . တောင်ဝှေးက ဒီလောက်ထိ တန်ဖိုးကြီးမှန်း ငါမသိခဲ့ဘူး။ အဲဒီလို ပစ္စည်းသေးသေးလေးက ရွှေစ ၅၀၀ တောင်တန်နေတယ်။ ရွှေစ ၅၀၀ တန်တဲ့ ပစ္စည်းကို ငွေစ ၅၀ တည်းနဲ့ ငါခိုးပြီး ရောင်းစားလိုက်မိတာ၊ ငါတော်တော်ကို အသုံးမကျတာပဲ၊ ဒီလောက် အကွာကြီးကိုကွာ . . .”
ထို့နောက် အံတစ်ချက် ကြိတ်လိုက်ရင်း -
“ငါ့မှာ နေရင်းထိုင်ရင်းနဲ့ နာမည်ကြီးသွားတယ်။ ဒီကိစ္စကို ဘယ်တော့မှ ထပ်မပြောတော့ဘူး။ ရင်ထဲမှာပဲ သိမ်းထားလိုက်တော့မယ်။ အခု နောက်ထပ်ကျောက်စိမ်းတောင်ဝှေး အကြောင်း မင်းတို့က ငါ့ကို လာပြောပြန်ပြီ။ ဘယ်လိုနည်းနဲ့ ရအောင်ယူရမှာလဲ”
ရဲရှောင် လေသံတိုးတိုးဖြင့် -
“ဟဲဟဲ . . . ပိုက်ဆံကြောင့် မဟုတ်လား၊ အဲဒါက ပြသနာမှ မဟုတ်တာကွ . . . မင်းကို ငါမေးမယ်၊ မင်းတကယ်ပဲ အဲဒီတောင်ဝှေးကို လိုချင်တာလား”
“ဟာ တကယ်လိုချင်တာပေါ့ကွ။ ကြောင်တောင်တောင်တွေ လာမေးနေပြန်ပြီ။ ငါက ဘာလို့ မလိုချင်ရမှာလဲ၊ တောင်ဝှေးကိုသာ ငါပြန်ရခဲ့မယ်ဆိုရင် ချန်နိုင်ငံတော်ရဲ့ နံပါတ် ၁ လူဆိုးဆိုပြီး အခေါ်ခံနေရာကနေ လွတ်မြောက်နိုင်မယ်လေ။ ငါအဲဒီလို အခေါ်ခံရတဲ့ ဘ၀ကနေ ဘယ်လောက်တောင် လွတ်မြောက်ချင်နေလဲဆိုတာ ဘုရားအသိဆုံးပဲ”
ဇူဝူကျီ ခေါင်းတဆတ်ဆတ် ညိတ်ရင်း အံကြိတ်လိုက်သည်။
“ဒါပေမဲ့ ဒီကိစ္စတွေဖြစ်ပြီးကတည်းက ငါ့လက်ထဲမှာ ပိုက်ဆံ များများစားစား မရှိတော့ဘူး။ အရင်တုန်းက တစ်လကို ငွေစ ၁၅ စ ရနေတာကနေ အခု လေးပုံတစ်ပုံပဲ ရတော့တယ်။ အဲဒီ ပိုက်ဆံ လောက်လေးနဲ့ ငါဘာသွားလုပ်လို့ရမှာလဲ”
“ချန်နိုင်ငံတော်ရဲ့ နံပါတ် ၁ လူဆိုးလို့ အခေါ်ခံရတဲ့ ဘ၀ကနေ လွတ်မြောက်ချင်တာများ လွယ်ပါတယ်ကွာ . . . စကြာ၀ဠာကြီးရဲ့ နံပါတ် ၁ လူဆိုးဖြစ်သွားရင် လွတ်မြောက်ပြီပေါ့”
YOU ARE READING