Chapter – 68 ရွှေလက်ဝါးတိုက်ကွက်
တကယ်တော့ အိမ်တော်ထိန်းကြီးသည် သာမန် တံတွေး ထွေးလိုက်မိခြင်း မဟုတ်ဘဲ သွေးအန်သွားခြင်းဖြစ်ကာ သူ၏ သွေးများသည်လည်း ခရမ်းရွှေရောင် ဖြစ်နေခြင်းပင် ဖြစ်၏။
“ရွှေသွေးကြော . . .”
ရဲရှောင်၏ စိတ်ထဲတွင် အဆိုပါ ကျင့်စဉ်၏ နာမည် ပေါ်လာပြီး အတော်လည်း အံ့သြသွားသည်။
ရွှေသွေးကြောအား ယခင်ဘဝတွင် အကြိမ်ရာပေါင်းများစွာ မြင်တွေ့ခဲ့ဖူးပါသည်။
အဘယ်ကြောင့်ဆိုသော် ယခင်ဘဝတုန်းက သူ့နောက်ကို လိုက်နေသည့် အင်အားစုကြီး ၃ စုထဲမှ တစ်စုဖြစ်သည့် နေခရမ်းတောင်မှာ အဆိုပါ ရွှေသွေးကြောကြောင့်ပင် ထင်ရှားခဲ့တာ ဖြစ်ပါသည်။
ချင်းယန်နယ်ပယ်တွင် အဆိုပါ ကျင့်စဉ်ကို ပြုလုပ်နိုင်သောသူမှာ ၎င်းအုပ်စုမှလွဲ၍ တခြား မရှိချေ။
နေခရမ်းတောင်၏ အထူးကျွမ်းကျင်မှုဟုပင် ဆိုရမည် ဖြစ်၏။
ရွှေသွေးကြောကျင့်စဉ်သည် အလွန်ကို ပြင်းထန်၍ အစွမ်းထက်လှပါသည်။ ကျောက်တုံးများကို တစစီ ဖြစ်သွားနိုင်ပြီး ဒါဟာ အပေါ်ယံ အားပင် ရှိသေးတာဖြစ်ပြီး တကယ့်အားအစစ်အမှန်မှာ ထိုမျှလောက် မကပေ။
ရွှေသွေးကြောလက်ဝါးဖြင့် အရိုက်ခံရမည် ဆိုပါက စွမ်းအားများသည့် မီးတောက်များကဲ့သို့ အသွေးထဲ အသားထဲသို့ စိမ့်ဝင်သွားမည်ဖြစ်ပြီး ရွှေရောင်ဓာတ်များ အသွေးအသားများအတွင်း ဖြစ်ပေါ်သွားမည်ဖြစ်သည်။ ခြေဖျက်ရန် ခက်ခဲလွန်းလှပြီး ခန္ဓာကိုယ်၏ စွမ်းအင်များကို လျော့ကျစေမည် ဖြစ်ကာ သွေးများကိုလည်း ရွှေရောင်သို့ ပြောင်းလဲသွားစေမည် ဖြစ်ပါသည်။ မြန်မြန် မဖယ်ထုတ်နိုင်ဘူး ဆိုပါက ပိုမို၍ ရှုပ်ထွေးသော ဖြစ်စဉ်များ ဖြစ်ပေါ်သွားနိုင်မည်ဖြစ်ကာ သေဆုံးရမှာ အသေအချာပါပဲ။
လူတစ်ယောက်၏ ကိုယ်တွင်းကိုယ်ပြင် အင်္ဂါများအားလုံး ရွှေရောင်အဖြစ် ပြောင်းလဲသွားခြင်းမှာ ကောင်းသည့်ကိစ္စတော့ မဟုတ်ပေ။
ရဲရှောင်၏ အရှေ့မှာ ရှိနေသည့် အိမ်တော်ထိန်းကြီးသည် ရွှေရောင်သွေးကြောလက်ဝါး၏ သားကောင် ဖြစ်နေရရှာသူဖြစ်ပြီး ယခုအချိန်ထိကို ဝေဒနာများအား ခံစားနေခဲ့ရပုံပါပင်။ အဖြေ ၂ ခုသာ ရှိနိုင်ပါသည်။ ပထမ တစ်ခုမှာ အိမ်တော်ထိန်းကြီးအား တိုက်ခိုက်ခဲ့သည့် လူမှာ ရွှေသွေးကြောလက်ဝါး ကျင့်ကြံမှုနှုန်း အဆင့်သိပ်မမြင့်သူတစ်ဦး ဖြစ်နိုင်ပြီး ဒဏ်ရာ အနည်းငယ် ရအောင်သာ လုပ်နိုင်ခဲ့ပုံပါပဲ။ အဆိုပါ ဒဏ်ရာမှ တဖြည်းဖြည်း အချိန်ကြာလာသည့်အခါ တိုက်စားလာခဲ့ပြီး ယခုမှသာ အိမ်တော်ထိန်းကြီး ခုခံနိုင်သည့် ပမာဏကို ကျော်လွန်လာခြင်းပင် ဖြစ်နိုင်ပါသည်။
ESTÁS LEYENDO