Chapter - 62 ဉာဏ်ကြီးရှင်မိန်းကလေး

442 32 1
                                    

Chapter – 62 ဉာဏ်ကြီးရှင်မိန်းကလေး

ရဲရှောင်မှ ထိုကဲ့သို့ ပြောလိုက်သဖြင့် အိမ်တော်ထိန်းလည်း ဆက်လက်၍ မေးမြန်းမနေတော့ဘဲ စကားလမ်းကြောင်းကို လွှဲလိုက်ကာ -

“သခင်လေး . . . မူမျိုးနွယ်ကလူတွေ သေကုန်ပြီ သိလား . . .”

ရဲရှောင် ဆတ်ခနဲ လှည့်ကြည့်လိုက်ပြီးနောက် -

“ဘာ . . . အကုန်သေကုန်ပြီ ဟုတ်လား . . . ဘာတွေ ဖြစ်ကုန်တာလဲ။ ဘယ်သူလုပ်တာလဲ ဆိုတာ ခင်ဗျားသိလား . . .”

“တကယ် သေကုန်ကြပြီ။ လုပ်သွားတဲ့ လူတွေကတော့ ကမ္ဘာမှာ လျို့ဝှက်အဆန်းကြယ်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ မုန်တိုင်းအိမ်တော်ကပဲ။။ သဲလွန်စ တစ်ခု ချန်ခဲ့တယ်လေ။ ဒီကိစ္စကို သူတို့လုပ်ကြောင်း စာရေးထားခဲ့တာ။ မုန်တိုင်းအိမ်တော်က မူမျိုးနွယ်ကို တမင်ပဲ လုပ်ကြံလိုက်ကြတာ များလား . . .”

ရဲရှောင် တစုံတစ်ခုကို ချက်ချင်းပဲ သဘောပေါက်သွားသည်။

(ကြည့်ရတာ မုန်တိုင်းအိမ်တော်ရဲ့ ညာလက်ရုံး လက်ချက်များလား . . .)

သူမသည် မူမျိုးနွယ်အား သုတ်သင်လိုက်သူ ဖြစ်နိုင်ပြီး အတော်ကို အစွမ်းအာဏာ သက်ရောက် ပုံပါပင်။

ရဲရှောင်လည်း တကယ်ကို ထိတ်လန့်တုန်လှုပ်သွားမိလေသည်။

“မုန်တိုင်းအိမ်တော်ဆိုတာ ဒဏ္ဍာရီလိုပဲ ထင်ထားတာ။ အခုတော့ ရုပ်လုံးပေါ်လာကြပြီပေါ့ . . .”

ရဲရှောင် ရေရွတ်လိုက်သည်။ မျက်လုံးများလည်း အရောင်ဝင်းလတ်သွားကာ ဝါးရုံတောအတွင်း ဝင်ရောက်သွားသည့် လူများနောက်သို့ လိုက်ခဲ့သည်ကို သတိရသွားမိသည်။ ယခုကိစ္စသည်လည်း အဆိုပါ လူများနှင့် ပတ်သက်ဆက်နွယ်နေလိမ့်မည်ဟု သူခန့်မှန်းမိနေသည်။

(အခွင့်အရေးရှိတဲ့ တနေ့ကျရင် အဲဒီဝါးရုံတောကြီးကို ဆီလောင်းပြီး မီးနဲ့ကို ရှို့ကြည့်ဦးမယ်။ ဘယ်သူတွေများ ထွက်လာမလဲလို့ပေါ့ . . .)

သူဥယျာဉ်သို့ ပြန်ရောက်သောအခါ စုယဲ့ယွဲ့ ထိုင်နေသည်ကို မြင်တွေ့လိုက်ရသည်။ ကောင်းကင်ထက်ရှိ လမင်းကြီးအား မမှိတ်မသုန် ကြည့်နေလေ၏။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora