Chapter – 52 “မှင်ရောင်အားဖြည့်ကြာပန်းနှင့်လွတ်မြောက်ရန်ကြိုးပမ်းမှု”
သူ၏ချီဓာတ်များအား လည်ပတ်ရန် ပြင်ဆင်မှာပဲ ကောင်မလေးမှ အကြောပိတ်လိုက်သဖြင့် ကောင်းစွာ မလည်ပတ်နိုင်တော့ပေ။ အကယ်၍ ထိုကဲ့သို့ ချီဓာတ်များ အနည်းငယ်သာ လည်ပတ်၍ ရနေတာကိုသာ ကောင်မလေး သိသွားမည် ဆိုပါက ထပ်မံ၍ အကြောများ ပိတ်နေဦးမည်မှာ အမှန်ပါပင်။ ထိုအခါ သူကြိုးစားထားသမျှသည် သဲထဲရေသွန်သကဲ့သို့ ဖြစ်သွားမှာပင် ဖြစ်သည်။
ရဲရှောင်သည် သူနိုးနေသည်ကတည်းက လွတ်မြောက်ရန် အကြံထုတ်နေခဲ့တာ ဖြစ်သည်။
သို့သော်လည်း ယခုတိုင်အောင် မလွတ်မြောက်နိုင်သေးပေ။ သူ၏ချီဓာတ်များသည် အလွန် အစွမ်းထက်သော်လည်း အကြောများ ပိတ်ထားသဖြင့် ကောင်းစွာ မလည်ပတ်နိုင် ဖြစ်နေရခြင်း ဖြစ်သည်။ သူ့အတွက် လွတ်မြောက်ရန်အထိ ဆိုလျှင်တော့ အချိန်များစွာ ကြာမြင့်မည်ပဲ ဖြစ်၏။
ဝမ်ရှန်ချူးချူးသည် နူးညံ့သိမ်မွေ့ဟန်ရှိပြီး အသံမှာလည်း ချိုသာလှပါသည်။ သို့သော် သူမအနေဖြင့် ရဲရှောင်အား လုံးဝမလွှတ်ပေးဟု ဆုံးဖြတ်ထားပုံပါပင်။
“နောင်ကြီးဖန် . . . ရှင့်မှာ စိတ်ရောဂါ တစ်ခုခုများ ရှိနေတာလား . . .”
ဝမ်ရမ်ချူးချူးမှာ သူမ၏ ပုံစံအတိုင်း ချိုသာနူးညံ့စွာဖြင့် မေးလိုက်သည်။
ရဲရှောင်မှ ပြုံးလိုက်ရင်း -
“အခုချိန် ငါ့မှာ စိတ်ရောဂါ ရှိမရှိက အရေးကြီးနေတာလား။ အရေးကြီးတဲ့အချက်က ငါ မင်းရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေတာပဲ။ နောက်ပြီး မင်းက င့ါကို လွှတ်ပေးမဲ့ ပုံစံလည်း မရှိဘူး။ ကြည့်ရတာ မင်းငါ့ကို ကယ်ခဲ့တဲ့ အချိန်ကတည်းက ဒီလိုပဲ ဆုံးဖြတ်ချက် ချခဲ့ပုံ ရတယ် . . .”
ဝမ်ရမ်ချူးချူးမှ ချိုသာစွာ ပြုံးလိုက်ပြီး -
“နောင်ကြီးဖန် . . . ရှင်လုပ်ခဲ့တဲ့ ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေက မော်တယ်ကမ္ဘာမှာရှိတဲ့ တခြားအလားတူ ဆေးလုံးတွေထက် အများကြီး သာတယ်လို့ ပြောခဲ့တယ်လေ။ အဲဒီလို လူတစ်ယောက်ဆီက တစ်ခုခု သင်ယူနိုင်ခွင့်ကို လွဲချော်သွားလို့ ဘယ်ဖြစ်မလဲ။ အဲဒါကြောင့် ကျွန်မ စဉ်းစားနေတာက ရှင့်ကို အပြာရောင်လေ နိုင်ငံတော်ကို ခေါ်သွားမလားလို့လေ။ ဒီခရီးစဉ်မှာ ရှင့်ရဲ့ အခြေအနေကို ကြည့်ပြီး ကောင်းကောင်းလိုက်မလား အနှိပ်ဆက်ခံပြီး လိုက်မလားဆိုတာတော့ ကွဲသွား မှာပေါ့ . . .”
YOU ARE READING