မိုးကောင်းကင်အောက်မှကလဲ့စား
စာစဉ် - ၁၂
Chapter – 158
“ဝမ်ဇန်းဟိုအားသိမ်းသွင်းခြင်း”
ရဲရှောင်သည် ဝမ်ဇန်းဟိုအား စူးစိုက်ကြည့်လိုက်ရင်း -
“ဝမ်ဇန်းဟို . . . ခင်ဗျားသာ ကျုပ်ကို ကျေနပ်အောင် လုပ်ပေးနိုင်မယ်ဆိုရင် သာမန် လူတစ်ယောက်လိုခန္ဓာကိုယ်မျိုးနဲ့ တစ်သက်လုံး အသက်ရှည်ရှည် နေသွားနိုင်အောင်လုပ်ပေးမယ်ဗျာ။ ရှင်းရှင်းပြောမယ်ဗျာ ခင်ဗျားကို လောက စည်းစိမ်တွေ အကုန်လုံး ခံစားနိုင်အောင် ဟောဒီက ကျူပ်ဆိုတဲ့ကောင်က အကုန်လုပ်ပေးနိုင်တယ် . . .”
ရဲရှောင်သည် ဝမ်ဇန်းဟိုအား “ဝမ်” ဟုလည်းကောင်း၊ “သူဌေးဝမ်” ဟုလည်းကောင်း မခေါ်တော့ဘဲ နာမည်အပြည့်အစုံကိုသာ ခေါ်လိုက်သည်။
ရဲရှောင်သည် ဝမ်ဇန်းဟိုအား အထက်စီးဆန်ဆန် ဆက်ဆံလိုက်သည့် သဘောပင်။
ဝမ်ဇန်းဟိုသည် ရဲရှောင်မှ သူ့အား မည်ကဲ့သို့ ခေါ်လိုက်သည်ကိုပင် သတိမပြုနိုင်လိုက်ပေ။ ရဲရှောင်ပြောသည့်စကားများကိုသာ ငေးကြည့်၍ စိတ်လှုပ်ရှားမှုကြောင့် သူ၏အသက်ရှူသံများသည် မြန်ဆန်လျက် ရှိသည်။
အသက်ရှည်ဆေးတစ်လုံးသည် သူ၏ သက်တမ်းအား နှစ်တစ်ရာ ဆွဲဆန့်ထားပေးနိုင်စွမ်းရှိ၏။
သွယ်လျဆေးမှာမူ သူ၏ အလေးချိန်ကို လျော့ကျစေနိုင်ရုံသာမက သာမန်ယောကျာ်း တစ်ဦးကဲသို့ နေထိုင်နိုင်မည်ဖြစ်သည်။
ခန္ဓာကိုယ်အလေးချိန်သာ လျော့ကျသွားပါက သူလုပ်ချင်ခဲ့သည် အရာမှန်သမျှအား လုပ်နိုင်မည်ဖြစ်ပြီး လောကစည်းစိမ်များကိုလည်း ခံစားနိုင်တော့မည် မဟုတ်ပါလား။
ထိုကဲ့သို့သော ဘဝမျိုးအား ပိုင်ဆိုင်နိုင်ပါက လက်ရှိဘဝထက် အဆပေါင်းများစွာ ပို၍ ပျော်ရွှင်စရာကောင်းလိမ့်ပေမည်။ သူလိုချင်နေသော ဘဝသည် ထိုဘဝမျိုးပင်။
ဝမ်ဇန်းဟို၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယင်လျက် ရှိပြီး -
“နောင်ကြီးဖန် . . . ခင်ဗျား ဒီကိစ္စက နောက်စရာ မဟုတ်ဘူးနော် . . .”
YOU ARE READING