Chapter - 95 ခရမ်းရောင်ကြာပန်းသခင်

425 38 0
                                    

Chapter – 95 ခရမ်းရောင်ကြာပန်းသခင်

တခဏအကြာတွင် ချူးအာမှ သက်ပြင်း ချလိုက်ရင်း -

“ကျွန်မတို့ကြားက ရေစက်က ဒီလောက်ပဲ ပါတယ် ထင်တယ်။ ရှင့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ သေခွင့်ပေးလိုက်ပါ့မယ် . . .”

ဓားအလင်းတန်းတစ်ချက် လတ်ခနဲ လင်းလတ်သွားသည်။

သူမ၏ စကားလုံးများအရ နင်ဘီလျူအား သတ်ပစ်တော့မည်မှာ သေချာသလောက်ပင်။

သူမ၏ ဓားကို မြောက်လိုက်ပြီးနောက် နင်ဘီလျူ၏ လည်ပင်းအား ခုတ်ပိုင်းရန် ပြင်လိုက်၏။

ထိုအချိန် ရုတ်တရက် ဆိုသလို သူမ၏ မျက်နှာ တစ်ချက် ပျက်ယွင်းသွားပြီး သူမ၏ ရင်ဘတ် နေရာသို့ ဓားအလင်းတန်း တစ်ခုနှင့်အတူ တစ်စုံတစ်ခု တိုး၀င်လာလေ၏။ လျှပ်စီး တစ်ချက် လတ်လိုက်ချိန်တွင် ဓားရောင်သည် ပတ်၀န်းကျင် တစ်ခုလုံးကိုပင် လတ်ခနဲ ဖြစ်သွားစေပြီး မိုးစက်မိုးပေါက်များအား ဖောက်ထွင်းကာ ၀င်လာခြင်း ဖြစ်သည်။

သူမ၏ ဓားဖြင့် နင်ဘီလျူအား သတ်ဖြတ်ရန် ပြင်နေရာမှ သူမထံ သက်ရောက်လာသည့် ဓားချက်အား ကမန်းကတမ်းပင် ခုခံလိုက်ရလေ၏။

“အမှောင်ထဲကနေ ဘယ်သူကများ ငါ့ကို လုပ်ကြံရဲတာလဲ . . .”

သူမ၏ ဓားကို ချလိုက်ရင်း ပတ်၀န်းကျင်သို့ စူးရှက်သော မျက်လုံးများဖြင့် ကြည့်ရင်း လုပ်ကြံသူကို ရှာဖွေ နေမိလေ၏။ သူမ လက်ထဲတွင် ကတော့ချွန်ပုံစံ ကျောက်တုံးလေး တစ်တုံးကို ကိုင်ထားပြီး ထိုကျောက်တုံးလေးဖြင့် သူမအား လှမ်း၍ ပစ်လိုက်ခြင်း ဖြစ်သည်။

အေးစက်သော ဓာတ်တစ်မျိုးကို ခံစားမိနေပြီး  ထူးဆန်းသော ကတော့ချွန်ပုံစံ လက်နက်ပုန်း တစ်မျိုး ဖြစ်လေ၏။

ခြုံများအတွင်းမှ ရဲရှောင်သည် ထီမထင်ဟန် မျက်နှာပေးမျိုးဖြင့် ထလာပြီးနောက် အထင်သေး သလို လေသံဖြင့် -

“မုန်တိုင်းအိမ်တော်ဆိုတာ စဉ်းစားဉာဏ် ပြည့်ဝပြီး လက်ရုံးရည် နှလုံးရည် ပြည့်စုံတဲ့ လူတွေ ရှိနေပြီးတော့ မော်တယ်ကမ္ဘာရဲ့ အဆင့်အမြင့်ဆုံး အဖွဲ့အစည်း တစ်ခုလို့ ထင်ခဲ့မိတာ၊ ဒါပေမဲ့ မင်းတို့က တော့ လူတစ်ယောက်ကို အတင်းအကြပ် ကျွန်ပြုချင်နေတယ် ဆိုတော့ မင်းတို့ဟာ တော်တော် ယုတ်မာနေတာပဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora