Chapter - 110 ထောင်ချောက်မိသွားခြင်း

391 34 0
                                    

မိုးကောင်းကင်အောက်မှကလဲ့စား

စာစဉ် - ၈

Chapter – 110

ထောင်ချောက်မိသွားခြင်း

“သေတဲ့ထိ ညီအစ်ကိုတစ်ယောက်လို သတ်မှတ်မှာပေါ့နော် . . .”

ရဲရှောင်သည် အလွန်ကို ခံစားသွားရဟန်ဖြင့် ပြောလိုက်လေသည်။ ထို့နောက် ဂုဂျင်လုံ၏ လည်ပင်းကို ကြည့်လိုက်ရင်း -

“ကျုပ်ခင်ဗျားကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး နောင်ကြီးဂု . . . ခင်ဗျားက ကျုပ်ကို သိပ်ပြီး ကြင်နာတာပဲ၊ ကျုပ်ဘက်ကလည်း အပြန်အလှန်အနေနဲ့ ခင်ဗျားအပေါ် သစ္စာရှိပေးရမှာပေါ့ဗျာ၊ ခင်ဗျား လက်က ထွက်ပြေးမိရင် ကျုပ်ကိုယ်ကျုပ် လူလို့တောင် သတ်မှတ်ချင်တော့မှာ မဟုတ်ဘူး . . .”

တကယ်တမ်း သူစဉ်းစားနေမိသည်မှာ -

(သေတဲ့ထိ ညီအစ်ကို တစ်ယောက်လို သတ်မှတ်မယ် ဟုတ်လား . . . အားဟား . . . ဒါဆိုလည်း ခဏတော့ စောင့်နေဦး ခင်ဗျားကို ကျုပ်ရဲ့ ဓားနဲ့ ကိုယ်တိုင်သတ်ပြီးမှပဲ ကျုပ်ခင်ဗျားပြောတာ စဉ်းစားနိုင် မယ် . . .)

ဂုဂျင်လုံ ကျယ်လောင်စွာ ရယ်မောနေလေ၏။

“ဒါပေမဲ့ နောင်ကြီးဂု . . . ခင်ဗျားကို အမှန်တိုင်း တစ်ခုလောက် ပြောရဦးမယ်။ ကျုပ်ဆရာက ဘယ်လောက်များတဲ့ ဆေးလုံးတွေပဲ လုပ်လုပ် ကျုပ်အတွက်တော့ ၂ လုံးလောက် သိမ်းထားချင်တယ်”

ရဲရှောင်သည် လက်စွပ်အား သိမ်းဆည်းလိုက်ရင်း တောင်းဆိုမှုတစ်ခု ပြုလုပ်လိုက်လေ၏။

“ညီလေးဖန် . . . မင်းက တကယ်ကို ရိုးသားတဲ့ လူတစ်ယောက်ပါလား၊ မင်းရဲ့ဆရာ တစ်ကြိမ်မှာ ထူးခြားအစွမ်းထက်တဲ့ဆေးလုံး ဘယ်နလုံး ပါအောင် လုပ်နိုင်သလဲ ဆိုတာ ငါသိချင်မိရဲ့ . . .”

ဂုဂျင်လုံ မေးလိုက်သည်။

ရဲရှောင် ရယ်မောလိုက်ရင်းဖြင့် စိတ်လက်ပေါ့ပါးစွာပင် -

“ကျုပ်ရဲ့ဆရာက ဆေးပညာရပ်မှာ ဆရာသခင်အဆင့်ကို ရောက်နေပြီလို့ ပြောလို့ရတယ်။ ၉၉ ရာခိုင်နှုန်းလောက်က ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေပဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now