Chapter - 207 "တိမ်မြူခိုးနန်းတော်"

404 32 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 207

“တိမ်မြူခိုးနန်းတော်”

ရဲရှောင် ဂုဏ်ယူသည့်ဟန်ဖြင့် ပြုံးလိုက်ရင်း -

“ဖန်ဇီလင်က ကတိတစ်လုံးကို တန်ဖိုးထားတဲ့ လူတစ်ယောက်ပါ။ ဖြစ်ရမယ်ဆို ဖြစ်ကိုဖြစ်တယ်။ မင်းတို့ ဂိုဏ်းမှာ ဖြစ်နေတဲ့ ရောဂါကို ငါသိတယ်။ မင်းတို့ရဲ့ လျှို့ဝှက်ချက်ကိုလည်း သိတယ်။ မင်းတို့ဂိုဏ်းက အပျိုစင်ဘဝကို အသက်ထက် ပိုပြီး တန်ဖိုးထားကြတယ်။ နောက်ပြီး မင်းတို့တွေရဲ့ ကျင့်ကြံမှု အဆင့်မြင့် လာတာနဲ့ ဒီကြာပန်းတွေ မရှိဘဲ အသက်မရှင်နိုင်ဘူး။ အဲဒါကြောင့်ပဲ မှင်ရောင်အားဖြည့် ကြာပန်းပင်ကို ကျောက်စိမ်းအားဖြည့် ကြာပန်းပင် ဖြစ်အောင် ငါ ကြိုးစားပေးခဲ့တာပဲ။ အခု မင်းတို့ရဲ့ ပြဿနာတွေကို အနှေးနဲ့အမြန် ဖြေရှင်းနိုင်သွားမှာပါ . . .”

ဝမ်ရမ်ချူးချူးသည် ထိုစကားကို ကြားလိုက်ရသောအခါ အလွန်အမင်း ပျော်ရွှင်သွားလေသည်။ သူမ၏ ပါးပြင်ထက်မှ မျက်ရည်များအား သုတ်လိုက်ပြီးနောက် ဆရာဖြစ်သူ၏ လက်အား ကိုင်ဆွဲလိုက်ရင်း -

“ဆရာ . . . အခုဆို ကျွန်မတို့မှာ ကျောက်စိမ်းအားဖြည့် ကြာပန်းလည်း ရှိနေပြီ။ တခြားလူရဲ့ ထိတွေ့မှုကို ခံစရာလည်း မလိုတော့ဘူး။ ဆရာ့ရဲ့ ရောဂါကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ် . . .”

“ငါမလိုချင်ဘူး . . .”

ဝမ်ရမ်ချူးချူး၏ စကားမဆုံးသေးခင်မှာပင် ဆရာဖြစ်သူမှ ခေါင်းခါယမ်း၍  ငြင်းလိုက်သည်။ ထိုကဲ့သို့ ငြင်းလိမ့်မည် ဟုလည်း ရဲရှောင် ကြိုတင် တွက်ဆထားပြီးသား ဖြစ်သည်။

“ဆရာ . . . ဘာပြောလိုက်တာလဲ၊ မလိုချင်ဘူး ဟုတ်လား . . . ဒါဆရာ့အတွက် အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်လေ . . .”

ဝမ်ရမ်ချူးချူးသည် ဆရာဖြစ်သူအား ကြည့်ရင်း မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေသည်။

ဆရာဖြစ်သူမှာမူ ခပ်လှမ်းလှမ်းရှိ တောင်များကိုသာ ငေးကြည့်၍ နှုတ်ဆိတ်နေလေသည်။ သူမ၏ မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးနေသည့် အရိပ်အယောင်များနှင့် ကျေနပ်နေသည့် အရိပ်အယောင်များ ရောပြွန်းလျက် ရှိသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now