Chapter - 206 "နှစ်ဝက်သာအချိန်ရတော့ခြင်း"

396 33 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 206

“နှစ်ဝက်သာအချိန်ရတော့ခြင်း”

ရဲရှောင်၏ ရှေ့တွင်ရှိသော အမျိုးသမီးသည် အေးစက်မာကြောသော သွင်ပြင်မျိုးရှိသော်လည်း မျက်နှာမှာမူ ထွန်းလင်းတောက်ပနေသော လပြည့်ဝန်းပမာ ကျက်သရေ ရှိလှပေသည်။

သူမသည် အေးစက်သော မျက်လုံးများဖြင့် ရဲရှောင်အား စိုက်ကြည့်လျက်ရှိသည်။

မြင်တွေ့လိုက်ရသည့် မြင်ကွင်းအား ရဲရှောင်သည် မယုံကြည်နိုင်ပင် ဖြစ်နေသောကြောင့် သူ၏ မျက်လုံးများအား ပွတ်သပ်လိုက်ပြီး နောက်တစ်ကြိမ်ပင် ပြန်ကြည့်လိုက်သည်။

ထိုအမျိုးသမီးသည် သူ့အား ရန်လိုနေသည့် အကြည့်မျိုးဖြင့် ကြည့်နေသဖြင့် စိတ်ထဲတွင် -

[သူက ငါ့ကို သတ်မလို့များလား . . .]

“ရှင်က ဖန်ဇီလင်လား . . .”

အမျိုးသမီးသည် ကြည်လင်ပြတ်သားသော အသံဖြင့် မေးလိုက်သည်။ သူမ၏ အသံသည် ဖော်ရွေသော အသံမဟုတ်သော်လည်း တစ်မျိုးတစ်မည် နားဝင်ချိုနေပြန်သည်။

“ကျုပ်က . . .”

ရဲရှောင်သည် ရှေ့ဆက်ပြောရမည့် စကားအား ဆက်မပြောဘဲ အမျိုးသမီး၏ မျက်နှာကိုသာ အချိန်အတော်ကြာ ငေးစိုက်ကြည့်နေမိသည်။

အမျိုးသမီးမှ -

“ရှင်က ဘာကြည့်နေတာလဲ . . .”

ရဲရှောင် ပြုံးလိုက်ရင်း -

“ကျုပ်ခင်ဗျားကိုပဲ ကြည့်နေတာပါ။ ကြည့်တယ်ဆိုတာကလည်း ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်ကို သိချင်လို့ . . .”

“အဲ့ဒီလို သိချင်ရတယ် ဆိုတာကလည်း ခင်ဗျား သက်တမ်း ဘယ်လောက်ထိ နေရဦးမလဲဆိုတာ ကျုပ် တွက်ဆကြည့်မလို့ပါ . . .”

အမျိုးသမီးသည် အပြင်ပန်းတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသော်လည်း သက်တမ်း ဆိုသည့် စကားအား ကြားလိုက်ရသောအခါ အနည်းငယ် စိတ်လှုပ်ရှားသွားသည့် ပုံပင်။

ရဲရှောင်သည် ခေါင်းညိတ်လိုက်ပြီး -

“ခင်ဗျားရဲ့ ပုံစံက သာမန်လိုပါပဲ။ ဒါပေမယ့် ခင်ဗျားရဲ့ အဆင့်က ဒီမော်တယ်ကမ္ဘာမှာ ရှိသင့်တဲ့ အဆင့်ထက် အများကြီး သာလွန်နေတယ်။ ကျုပ်က ခင်ဗျားအဆင့်ကို မသိဘူးလို့များ ခင်ဗျား ထင်နေတာလား။ နောက်ပြီး အခု ကျုပ်ပြောနေတာတွေက တကယ်မသိဘဲ လေကျယ်ပြီး လျှောက်ပြောနေတယ် ထင်နေတာလား . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားOpowieści tętniące życiem. Odkryj je teraz