Chapter - 93 စိတ်ပျက်စရာကောင်းလှသောသတ်ဖြတ်ရေးပညာရှင်

399 35 0
                                    

Chapter – 93 စိတ်ပျက်စရာကောင်းလှသောသတ်ဖြတ်ရေးပညာရှင်

“သူတို့က လမ်းတလျှောက်လုံး တိုက်ခိုက်လာခဲ့ကြတာ၊ တစ်ယောက်ကတော့ တော်တော် မောနေပြီဆိုတာ သိသာတယ်။ အဲဒါကြောင့် ဒီနားမှာပဲ အပြီးသတ် တိုက်ခိုက်ကြတော့မယ် ထင်တယ်။ သူတို့ရဲ့ အဆင့်နဲ့ သူသေကိုယ်သေ ချနေကြတာ တကယ်စိတ်၀င်စားစရာပဲ . . .”

“မောပန်းနေတဲ့ လူက အလိုက်ခံရတဲ့လူ ဖြစ်လိမ့်မယ်။ ဒီလို အလိုက်ခံရတယ်ဆိုကတည်းက အစကတည်းက နိုင်အောင် မတိုက်နိုင်လို့သာ ဖြစ်မယ်။ သူသာနိုင်မယ် ဆိုရင် ပြေးစရာ အကြောင်းမှ မရှိတာ . . .”

“အစတုန်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီးတော့ နည်းနည်း ကြာလာတဲ့အခါ အလိုက်ခံရတဲ့ လူက ဟိုလူကို မယှဉ်နိုင်တော့ဘူး ထင်ပါရဲ့၊ အားကုန်ပြေးလာတာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဟိုလူကလည်း သူ့ကို မှီလာခဲ့တယ် အဲဒါနဲ့ အခုလို ဒုတိယအကြိမ် တိုက်ခိုက်ရတာပဲ . . .”

“သူတို့ စပြီး တိုက်ခိုက်တဲ့ အချိန်မှာ အသံက သိပ်ပြီး မကျယ်ဘူး၊ အဲဒီတော့ လိုက်တဲ့လူက သူ့ရဲ့ အားကို ချွေတာထားတာ ဖြစ်ရမယ်။ ဒါပေမဲ့ အခု ဒုတိယအကြိမ် တိုက်ခိုက်တဲ့ အခါကျ အသံက နည်းနည်း ကျယ်လာတယ်။ ဒါက ဘာကို ဆိုလိုသလဲ ဆိုတော့ ပထမတိုက်ပွဲ ပြီးတုန်းက အလိုက်ခံရတဲ့ လူက နာကျင်သွားခဲ့ဟန်ပဲ . . . အဲဒါကြောင့်သာ အခု ဖိတိုက်နေတာ . . .”

“ဒီတိုက်ပွဲက ပြီးတော့မှာ . . .”

“နောက်ထပ် ၄ ကွက်လောက် မတိုက်ခင်မှာပဲ အလိုက်ခံရတဲ့သူ တဖြည်းဖြည်း အရေးနိမ့်သွားမှာ သေချာတယ် . . .”

“သူတို့က မိုင်ပေါင်း ၅၀၀ ကျော်လောက် ပြေးလာခဲ့ကြတာ၊ သူတို့ စပြီး တိုက်ခိုက်ခဲ့တာက ဟိုဘက် မြို့ပြင်မှာ ဖြစ်လိမ့်မယ်။ အခု ဒီဘက်တောင် ရောက်နေကြပြီ၊ သေချာတာကတော့ ထိပ်တန်း အဆင့် ပညာရှင်တွေပဲ . . .”

ရဲရှောင် လေအဟုန်ကဲ့သို့ ပျံသန်းသွားရင်း သတိထား၍ ချဉ်းကပ်လာခဲ့သည်။

သူသည် စဉ်းစား၊ ခွဲခြမ်း တွက်ဆလျက် ရှိသော်လည်း သူ၏ လှုပ်ရှားမှုများသည် လုံး၀ကို တိကျ၍ သေသပ်လှသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားTempat cerita menjadi hidup. Temukan sekarang