Chapter - 85 အပြောကြမ်းလှသည့်သခင်လေး

410 35 0
                                    

Chapter – 85 အပြောကြမ်းလှသည့်သခင်လေး

မန်ဇိရှောင် စဉ်းစားမိသည်မှာ သူ့ဘဝတက်လမ်းနှင့် အလုပ်အကိုင် အခွင့်အလမ်းသည် ရဲနန်ရှန် ကြောင့်သာ နှောင့်နှေး၍ ပျက်ဆီးခဲ့ရသည်ဟု မှတ်ယူထားမိခြင်း ဖြစ်သည်။

ထိုအချိန် သူ့အနေဖြင့် ကလဲ့စားချေရန် အကောင်းဆုံး အချိန်သို့ ရောက်ရှိပြီဟု ခံစားလိုက်မိပြီး အဘယ်ကြောင့်ဆိုသော် ယခု အိမ်ရှေ့မင်းသား နန်းတော်တွင် ရဲရှောင်တစ်ယောက်တည်း ကူရာကယ်ရာ မဲ့သည့် အခြေအနေသို့ ရောက်ရှိနေပြီ မဟုတ်ပါလား။ ထို့ကြောင့်ပင် ကွမ်ဇန်ဝမ်အား အပြောမခံဘဲ တရစပ် ပြောလိုက်ခြင်း ဖြစ်လေ၏။ သူ့ရင်ထဲက အစိုင်အခဲအား ချေဖျက်ချင်နေသည်မှာ ကြာပြီ ဖြစ်ပါတော့သည်။

ထို့နောက် ရဲရှောင်အား ကျဉ်းထဲ ကြပ်ထဲ ရောက်စေမည့် အခြေအနေမျိုးသို့ ရောက်ရှိအောင် တွန်းပို့ခဲ့လေသည်။

ယခုအခွင့်အရေးကို အရယူ၍ ရဲရှောင်မှတဆင့် ရဲနန်ရှန်ကို ဖိနှိပ်ကာ မင်းသားကို ရဲအိမ်တော်အား တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခိုင်းစေမည် ဖြစ်၏။ နောင်တစ်ချိန် မင်းသား ဘုရင်ဖြစ်သည့်အခါ ရဲမျိုးနွယ် တစ်ခုလုံးအား သတ်ဖြတ်ပစ်မည်ဟုပင် တွေးနေမိတာဖြစ်ပြီး ထိုမှသာ သူ့ရင်ထဲရှိ အစိုင်အခဲအား ချေဖျက်နိုင်မည် ဖြစ်လေ၏။

ထိုကဲ့သို့ စိန်ခေါ်သလို ပြောခံလိုက်ရသည့် အခါ ရဲရှောင်လည်း အနည်းနှင့်အများတော့ ခံရခက်သွားလေ၏။ သို့သော်လည်း သူရိုင်းလိုက်ပါက အိမ်ရှေ့မင်းသားအား ဆန့်ကျင်သလို ဖြစ်မည်ဖြစ်ပြီး မင်းသားအား ထိုကဲ့သုိ့ ဆန့်ကျင်မိပါက တော်ဝင်မျိုးနွယ် တစ်ခုလုံးပါ ပါဝင်လာမည် ဖြစ်ပါသည်။

ထိုအခါ ဖြစ်သမျှ ကိစ္စအားလုံး၏ တရားခံသည် သူဟုသာ တံဆိပ်ကပ်ခံရမည် ဖြစ်လေ၏။

မန်ဇိရှောင် အနေဖြင့် မသိသေးသည့် အချက်မှာ ရဲနန်ရှန်သည် ဘုရင်အတွက် မည်မျှထိ အရေးပါ နေသလဲ ဆိုတာကိုပါပင်။

ရဲရှောင်မှာ မန်ဇိရှောင်တို့၏ နောက်ကြောင်း ရာဇဝင်ကို သိရှိခြင်း မရှိပေ။ သို့သော်လည်း မန်ဇိရှောင်မှ သူရောက်လာကတည်းက ရန်လိုသော အမူအယာ ရှိနေကြောင်း သတိထားခဲ့မိ လေ၏။ ယခုအခါ စိန်ခေါ်သလိုပင် အပြောခံလိုက်ရသည့်အတွက် ရဲရှောင်မှာ ပို၍ပင် အံ့အားသင့်သွားခဲ့ရ၏။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားOpowieści tętniące życiem. Odkryj je teraz