Chapter -8 ရှေးဦးခရမ်းရောင် ကျင့်စဉ်

800 67 1
                                    

Chapter -8

"ရှေးဦးခရမ်းရောင် ကျင့်စဉ်ဖြင့် အရိုးများနှင့် ကြွက်သားများအား သန့်စင်ခြင်း"

ရွှေရောင်စာလုံး ဆယ်လုံးသည် သေးငယ်သထက် သေးငယ်လာပြီး နောက်ဆုံးတွင် အလုံးလေး အတွင်းသို့ ကျုံ့ဝင် သွားလေသည်။ ရဲရှောင်အား တုန်လှုပ် ချောက်ချား သွားစေသည့် အချက်မှာ သူ၏ စိတ်ဝိညာဉ်သည် အဆိုပါ ကျုံ့သွားသည့် စာလုံးများ၏ နောက်သို့ လိုက်ပါသွားခဲ့ပြီး အလုံးလေး၏ အတွင်းထဲသို့ ဆွဲသွင်းခံ လိုက်ရသောကြောင့် ဖြစ်သည်။

"ဒီအလုံးလေးက ငါ့ခန္ဓာကိုယ် ထဲမှာ ထင်ထင်ရှားရှားကို ရှိနေတာပဲ။ ငါ့ကို ဘယ်လိုများ ဆွဲသွင်းလိုက်ပါလိမ့်။ ဘာတွေ ဆက်ဖြစ်မှာလဲ"

ရဲရှောင် စိတ်ထဲတွင် မရေမရာမှုများနှင့် အတူ သူ၏ အသိစိတ်သည် လျှို့ဝှက် ဆန်းကြယ်သော ဟင်းလင်းပြင်ကြီး တစ်ခုထဲသို့ ကျသွားလေသည်။

အဆိုပါ ဟင်းလင်းပြင်ကြီးအား ခဏအကြာ စိုက်ကြည့်ပြီး နောက်တွင် ရဲရှောင်၏ စိတ်များ ပြန်လည် တည်ငြိမ်သွား၏။ ပတ်ပတ်လည်အား ကြည့်လိုက်သော အခါ တိမ်များ ရစ်ဆိုင်း သိုင်းဖွဲ့ထားသည့် တောင်များကဲ့သို့ ကြီးမား မြင့်မားသည့် နန်းတော် မျှော်စင်ကြီး တစ်ခုအား မြင်တွေ့လိုက် ရသည်။

နန်းတော်၏ အောက်ခြေတွင် အဖြူရောင် ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသည့် ကြီးမားသော တံခါးရွက်ကြီး နှစ်ချပ် ရှိလေသည်။ တံခါးရွက်များ၏ မျက်နှာပြင်သည် မှန်ကဲ့သို့ ချောမွေ့ ပြောင်လက်လျက် ရှိ၏။ မျက်နှာပြင်ပေါ်တွင် ဘာဆိုဘာမှ မရှိပေ။

ရဲရှောင် တံခါးများအား အသေအချာ စိုက်ကြည့် နေချိန်တွင် ရုတ်တရက် အသံတစ်ခုအား ကြားလိုက်ရသည်။ ဥက္ကာပျံနှင့် တူသည့် ပုံသဏ္ဌာန် တစ်ခုသည် မိုးကုပ် စက်ဝိုင်းအား ကျော်လွန်၍ ပျံသန်း သွားပြီးနောက် ဘယ်ဘက် တံခါး၏ တံခါးဘောင်အား ဝင်တိုက် သွားလေသည်။

"ဒုန်း"

ထို့နောက် နောက်ထပ် ပုံသဏ္ဌာန် တစ်ခုသည် ထပ်၍ ကျလာခဲ့သည်။

အောက်သို့ ပျံဝဲ၍ ကျလာသည့် အဆိုပါ ဥက္ကာပျံ ပုံသဏ္ဌာန်များသည် တံခါးမျက်နှာပြင် နှစ်ဖက်လုံးထဲသို့ မြုပ်ဝင် သွားကြသည်ကို ရဲရှောင် မြင်တွေ့လိုက် ရသည်။ ထို့နောက် သူယခင် မြင်တွေ့ ခဲ့ဖူးသည့် စာလုံးဆယ်လုံးအား မြင်တွေ့လိုက် ရသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now