Chapter - 82 လေးစားမှုဖြင့်ပေးသောလက်ဆောင်လေး

416 36 0
                                    

Chapter – 82 လေးစားမှုဖြင့်ပေးသောလက်ဆောင်လေး

ရဲရှောင် အနည်းငယ် ပြုံးလိုက်ပြီးနောက် -

“ဒါနဲ့ အိမ်ရှေ့မင်းသားက မင်းကိုရော ဖိတ်လား . . .”

ဇုဝူကျီမှ ရဲရှောင်အား မနာလိုဟန်ဖြင့် မျက်စောင်းထိုးလိုက်ပြီး -

“မဖိတ်ပါဘူး . . .”

ရဲရှောင် ကျယ်လောင်စွာ ရယ်မောလိုက်ကာ -

“မဖိတ်ဘူးလား . . . သူက လန်လန့်လန့်ကိုလည်း မဖိတ်ဘူးလေ။ ကြည့်ရတာ မင်းတို့ကို မဖိတ်ဘဲ ငါ့ကို ဖိတ်တယ်ဆိုတော့ တစ်ခုခုပဲ ဟားဟား . . .”

ဇုဝူကျီမှ မျက်နှာပျက်ယွင်းစွာဖြင့် -

“ဟုတ်တယ် . . . သူက မင်းကို တော်တော် တန်ဖိုးထားနေသလိုပဲ . . .”

“ဟားဟား ဟားဟား . . .”

ရဲရှောင်လည်း ကျယ်လောင်စွာ ရယ်မောရင်း မြင်းကို ဒုန်းဆိုင်းစီးကာ ထွက်ခွာသွားလေ၏။

ထိုသို့ဖြင့် လမ်းတစ်လျှောက်တွင် လူအများအပြားသည် အိမ်ရှေ့မင်းသားမှ စစ်သူကြီးရဲ၏ သားဖြစ်သူ ရဲရှောင်အား နိုင်ငံရေး အခြေအနေများ ဆွေးနွေးရန်အတွက် ညစာစားရန် ဖိတ်ကြားလိုက် သည့် သတင်းကို သိရှိသွားကြပါတော့သည်။

“အိမ်ရှေ့မင်းသားက ဒီဆန်ကုန်မြေလေးကောင်ကို ဘာလို့ ဖိတ်တာလဲ . . . သူက မြို့ထဲက လူဆိုး ၃ ယောက်ထဲက တစ်ယောက်လေ . . . ဒီလိုကောင်မျိုးနဲ့ အိမ်ရှေ့မင်းသားက ဘာနိုင်ငံရေးရာကို ဆွေးနွေးမှာလဲ . . .”

“ဟမ့် . . . မင်းကလည်း ဘာမှ မသိဘဲနဲ့ကွာ . . . သူက အရူးတစ်ကောင် ဆိုပေမဲ့ သူ့အဖေက စစ်သူကြီးရဲလေ . . .”

“ဟုတ်သားပဲ . . .”

“မင်းသားက ရဲရှောင်ကို ညစာစားဖို့ ဖိတ်တယ်ဆိုတာ တစ်ခုခုတော့ တစ်ခုခုပဲ။ မင်းတို့သိတဲ့ အတိုင်း ရဲရှောင်က ဗရုတ်သာ ကျတာ ခပ်ဖြောင့်ဖြောင့် မဟုတ်လား . . .”

“ဒီလိုဆိုရင် . . . ဟဲဟဲ . . . တော်ပါပြီ အတင်းမပြောတော့ပါဘူး . . .”

“ငါ့ရင်ထဲက စကားပါကွ။ အတင်းပြောတာရယ်လို့ မဟုတ်ပါဘူး ဟားဟား ဟားဟား . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားTempat cerita menjadi hidup. Temukan sekarang