Chapter - 171"သေမထူး နေမထူး"

382 29 0
                                    

မိုးကောင်းကင်အောက်မှကလဲ့စား

စာစဉ် - ၁၃

Chapter – 171

“သေမထူး နေမထူး”

“ခင်ဗျားက မသိဘူးပေါ့လေ ဟုတ်လား . . .”

ရဲရှောင်သည် ခေါင်းတစ်ချက်ညိတ်ကာ တည်ငြိမ်စွာဖြင့်ပင် မေးလိုက်သည်။

ထိုမေးခွန်းအား ရဲရှောင်မှ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် မေးလိုက်ခြင်းဖြစ်သော်လည်း လျူချန်းဂျန်မှာမူ အကျပ်ရိုက်လျက် ရှိသည်။

ရဲရှောင်မေးသည့် မေးခွန်းအား ပြန်မဖြေပါက သို့မဟုတ် ကျေနပ်လောက်သည့် အဖြေ မပေးနိုင်ပါက နှိပ်စက်ခံရမှာ သေချာသလောက်ပင်။

လျုချန်းဂျန် မှ -

“ငါတကယ်မသိဘူး။ မင်းကို သတ်ဖို့အတွက် ဆုကြေးထုတ်ထားတာကို ငါတို့တွေ့ခဲ့တယ်။ ငါတို့က ငွေရရင်ပြီးရော ငွေမျက်နှာတစ်ခုပဲ ကြည့်တဲ့ကောင်တွေ။ အဲ့ဒါကြောင့် မက်လောက်စရာ ပမာဏကို ငါတို့ မငြင်းဆန် နိုင်ခဲ့ဘူးလေ . . .”

လျုချန်းဂျန်သည် ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် သူ့အသက်ကိုပင် မနှမြောတတ်သည့် သေမထူး နေမထူး လူတစ်ယောက်ပင် ဖြစ်သည်။ သို့သော်လည်း ရဲရှောင်ကိုမူ သူ၏ စိတ်ထဲမှပင် အလိုလို ကြောက်ရွံ့နေမိသည်။

ရဲရှောင်၏ ရှေ့တွင် ယခုလိုရှိနေမည့်အစား ချက်ချင်းလက်ငင်း သေသွားလျှင် ကောင်းမည်ဟုပင် တွေးနေမိလေသည်။

လျုချန်းဂျန်၏ စကားကြောင့် ရဲရှောင်သည် တခဏမျှ စဉ်းစားလိုက်ရင်း -

“ဆုကြေးထုတ်ထားတယ် ဟုတ်လား . . ."

“ဒါနဲ့ . . . ခင်ဗျားနာမည်က လျူချန်းဂျန်နော် ဟုတ်တယ်မလား . . .”

လျူချန်းဂျန်မှ -

“ဟုတ်တယ် . . .”

ရဲရှောင်မှ -

“ခင်ဗျားက မော်တယ်ကမ္ဘာရဲ့ လုပ်ကြံသတ်ဖြတ်သူ ထိပ်ဆုံး အယောက် ၁၀၀ ထဲက ၄၉ ယောက်မြောက် တစ်ချက်ခုတ် လူသတ်သမားလို့ခေါ်တဲ့ လျူချန်းဂျန်ပေါ့လေ . . .”

ရဲရှောင်၏ စကားကြောင့် လျူချန်းဂျန်၏ စိတ်ထဲတွင် အနည်းငယ်ပင် ရှက်ရွံ့သွားသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now