Chapter - 88 စစ်သည်တစ်ထောင်ကျင့်စဉ်

394 38 0
                                    

Chapter – 88 စစ်သည်တစ်ထောင်ကျင့်စဉ်

ရဲရှောင်မှ လေးနက်သည့် ဟန်ပန်ဖြင့် -

“ဒီလိုပဲ လုပ်ကြတာပေါ့ . . . ကျုပ်တို့ လုပ်ရမှာက စကားလေး ပြောနေရုံပဲ၊ အဲဒီလို လုပ်ခြင်းက တကယ်တိုက်ခြင်းထက် အန္တရာယ် ပိုကင်းပါတယ် . . .”

“ကျုပ်တို့ကြားက ဆက်ဆံရေးကိုလည်း ထိခိုက်စေမှာ မဟုတ်ဘူး၊ လူကြီးတစ်ယောက် အနေနဲ့ အားသိပ်မသုံးပါနဲ့ဗျာ၊ ခင်ဗျား အားနည်းနေတာ ကြာပြီမလား၊ ဒီလို စကားစစ်ထိုးတဲ့ နည်းလမ်းနဲ့ပဲ ဖြေရှင်းကြရအောင်၊ ကျုပ်က ခင်ဗျားကို အခွင့်အရေး ယူတယ်လို့တော့ အပြောမခံချင်ဘူး . . . စကား စစ်ထိုးပြီးတဲ့ အခါကျရင်လည်း ကျုပ်တို့ကြားမှ အာဃာတတွေ ရှိကြတော့မှာ မဟုတ်ဘူးလေ၊ မကောင်းဘူးလား . . .”

ကွမ်ဇန်ဝမ်နှင့် အိမ်ရှေ့မင်းသား တို့သည်လည်း သူတို့ရှေ့ရှိ လူငယ်အား ကြည့်ရင်း ဆွံ့အလျက် ရှိနေလေ၏။

(မင်းက တကယ်ပဲ စကားစစ်ထိုး ချင်နေတာလား . . . ကမ္ဘာပေါ်မှာ ရှိတဲ့ အရူးတွေ တောင်မှ ဒီလိုအကြံမျိုး ထွက်မှာ မဟုတ်ဘူး။

မင်းကပဲ ငါတို့ကို အခွင့်ကောင်းယူတယ် အပြောမခံချင်ဘူး ဟုတ်လား . . .)

“ဟဲဟဲ . . . မင်းက တော်တော် စိတ်ဝင်စားစရာ ကောင်းတဲ့ လူငယ်ပဲ၊ လက်တွေ့ကျတဲ့ နည်းလမ်း တစ်ခုတော့ မှန်ပါတယ် . . .”

ကွမ်ဇန်ဝမ် ပြုံးလျက် ပြောလိုက်သည်။ ဆက်လက်၍လည်း -

“ဒါပေမဲ့ တကယ်မတိုက်ခိုက်ပဲ စကား စစ်ထိုးတယ် ဆိုတာက မိနးမတွေပဲ လုပ်လေ့ ရှိတဲ့ အလုပ်လေ။ နောက်ပြီး ငါက မင်းအဖေရဲ့ သိုင်းပညာကို နှစ်ပေါင်းများစွာ လေးစားခဲ့ရတာ၊ နောက်ပြီး သူ့ရဲ့ အဲဒီတိုက်ကွက်တွေကို အမြဲတမ်း လေ့လာချင်ခဲ့ . . .”

“ခင်ဗျားက တကယ်ပဲ တိုက်ခိုက်ချင်နေတာလား . . .”

ရဲရှောင် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“ပိုပြီး ကောင်းမဲ့ နည်းလမ်းကို ပြောပြတာပါ . . .”

ကွမ်ဇန်ဝမ် တွန့်ဆုတ်ဆုတ် အမူအယာဖြင့် ပြောလိုက်သည်။ ထို့နောက် လေသံတီးတိုးဖြင့် -

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now