Chapter - (31) တစ်ချက်တည်း နဲ့ လူရှစ်ယောက်ခေါင်းပြတ်
*******
ပြင်းထန်သော တိုက်ပွဲတစ်ခုအား စတင်ကြတော့မည့်အချိန်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် စစ်သူကြီးအိမ်ရှိ ကိုယ်ရံတော်အစောင့်များနှင့် မူမျိုးနွယ်စုဘက်မှ လူများသည် အံ့ဩစိတ်ကြောင့် မှင်သက်ကုန်ကြလေသည်။
မူမျိုးနွယ်စုမှလူများသည် ရဲရှောင်အား သတ်ရန်အတွက် အိမ်ထဲသို့ ဝင်ရောက်တိုက်ခိုက်တော့မည့် အချိန်တွင် အိမ်တော်ထိန်းမှ အော်ဟစ်၍ အမိန့်ပေးလိုက်၏။
"သူတို့ကို တားကြစမ်း"
အိမ်တော်ထိန်း၏ အမိန့်ပေးသံအား ကြားလိုက်ရသောအခါ (၃၆)ယောက် ကိုယ်ရံတော်အစောင့်များသည် မဆိုင်းမတွ တစ်ပြိုင်နက်တည်းပင် -
"အမိန့်နာခံလျက်ပါ"
သို့သော် ထွက်ပေါ်လာသည့် အသံများသည် ကိုယ်ရံတော် (၃၆)ယောက်၏ အသံများသာမက အခြားအခြားသော လူများ၏ အသံများသည်လည်း ရောနှော ပါဝင်လျက်ရှိ၏။
ကိုယ်ရံတော်များသည် မူမျိုးနွယ်စုဘက်မှ လူများအား တိုက်ခိုက်ရန် အသင့် ပြင်နေသည့် အချိန်တွင် လူပုံသဏ္ဍာန် အရိပ်ခုနှစ်ခုသည် ခြံဝင်းအတွင်းမှ အသီးအသီး ထွက်ပေါ်လာကြသည်။ မမျှော်လင့်ထားဘဲ နောက်ထပ် ပေါ်လာသည့် လူ ၇ ယောက်အား ကြည့်ရင်း ကိုယ်ရံတော် (၃၆) ယောက်သည် ဘာဆက်လုပ်ရမှန်း မသိအောင်ပင် ဖြစ်နေကြသည်။
ထို့နောက် လျှပ်တစ်ပျက် အချိန်ခဏလေးအတွင်းမှာပင် ဓားများမှ ထွက်ပေါ်လာသည့် အလင်းရောင်များသည် လျှပ်စီးလျှပ်သွားသကဲ့သို့ပင် လင်းလက်ဖြာထွက်သွားလေသည်။
နှစ်ဖက်စလုံးရှိ လူများသည် ရုတ်တရက် ဖြစ်ပျက်သွားသည့် အခြေအနေကြောင့် အံ့ဩတုန်လှုပ်သွားကြသည်။ အားလုံးထဲတွင် တုန်လှုပ်အသွားဆုံးလူမှာ အိမ်တော်ထိန်းပင် ဖြစ်သည်။
အစောပိုင်းကာလတွင် ဒေါသထွက်နေသည့် အိမ်တော်ထိန်းတစ်ယောက် ယခုအချိန်တွင်မူ သူ့ရှေ့တွင် မြင်တွေ့နေရသည့် မြင်ကွင်းကြောင့် အလွန်အမင်းပင် အံ့ဩလျက်ရှိသည်။ အံ့ဩလွန်းသဖြင့် သူ၏ မေးရိုးများသည် ကြမ်းပြင်အောက်တွင် ပြုတ်ကျထွက်သွားသည့်အတိုင်း ပါးစပ်အဟောင်းသားပင် ဖြစ်နေခဲ့သည်။
YOU ARE READING