Chapter - (32) ထူးဆန်းသော ဝါးတော၊ တောင်တန်းများ နှင့် အမျိုးသမီးအစေခံတစ်ဦး
*************"အရိပ်မဲ့ ပျံသန်းခြင်း သိုင်းကွက်" သည် ရှောင်တိမ်းပြေးလွှားရသည့် အခြေအနေမျိုးတွင်လည်းကောင်း ခြေရာဖျောက်သည့် နေရာတွင်လည်းကောင်း အလွန်အသုံးဝင်လှသော တိုက်ကွက်ပင် ဖြစ်၏။
ချင်းရန်နယ်ပယ်တွင် ရဲရှောင်သည် သူ၏ ရန်သူဖြစ်သော ခြေတစ်ဖက်ပျက်နေသည့် လူဆိုးနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် ခြေတစ်ဖက်ပျက်လူဆိုးအား ရဲရှောင်သည် သတ်ပစ်နိုင်ခဲ့ပြီး အရိပ်မဲ့ပျံသန်းခြင်းကျင့်စဉ် စာရွက်အား ရရှိခဲ့သည်။ ထိုခြေတစ်ဖက်ပျက်နှင့်လူသည် တာအိုမူလအဆင်သို့ ရောက်ရှိနေသည့် ပညာရှင်တစ်ဦးဖြစ်သော်လည်း ရဲရှောင်မှာမူ တာအိုမူလအဆင့်၏ ထိပ်ဆုံးအဆင့်သို့ပင် ရောက်ရှိနေသည့် ဧကရာဇ်တစ်ပါး ဖြစ်ခဲ့သည်။ ရဲရှောင်သည် အဆိုပါ ခြေတစ်ဖက်ပျက်နှင့်လူ၏ နောက်သို့ တစ်လလုံးလုံးပင် လိုက်၍ တိုက်ခိုက်ခဲ့ပြီး သူတို့နှစ်ဦး၏ တိုက်ပွဲသည် အလွန် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။
အကယ်၍ ထိုလူသာ ခြေကုန်လက်ပမ်း မကျခဲ့လျှင် ရဲရှောင်အနေဖြင့်လည်း သူ့အား ဖမ်းမိရန် လွယ်ကူခဲ့မည် မဟုတ်ချေ။
ရဲရှောင်သည် ခြေတစ်ဖက်ပျက်နှင့်လူ၏ အလောင်းထံမှ အရိပ်မဲ့ပျံသန်းခြင်းကျင့်စဉ် စာရွက်အား ရယူခဲ့ပြီးနောက် အဆိုပါသိုင်းကျင့်စဉ်သည် အလွန်အဖိုးတန်သည့် ကျင့်စဉ်တစ်ခုပင် ဖြစ်ကြောင်း သိရှိခဲ့သည်။
အရိပ်မဲ့ပျံသန်းခြင်း သိုင်းကွက်ဖြင့် ရဲရှောင်သည် လျင်မြန်စွာဖြင့် ပုန်းအောင်းနိုင်ပြီး လေကဲ့သို့ လျင်မြန်သောနှုန်းဖြင့် ပျံသန်းနိုင်လေသည်။
ထိုအချက်များကြောင့်ပင် ရဲရှောင်အနေဖြင့် အန္တရာယ်ရှိသော အခြေအနေများဖြင့် ကြုံတွေ့ရပါက အလွယ်တကူဖြင့်ပင် လွတ်မြောက်မည်ဖြစ်သည်။
ထို့အပြင် အရိပ်မဲ့ပျံသန်းခြင်း သိုင်းကွက်အား အသုံးပြုရန်အတွက် သူ၏ စွမ်းအင်အနည်းငယ်သာ ထုတ်သုံးရန် လိုအပ်သည်။ သို့သော် ထိုကဲ့သို့ စွမ်းအင်အနည်း သုံးရုံမျှဖြင့် ကြီးမား ထူးခြားသော စွမ်းအားများကို ပိုင်ဆိုင်နိုင်စေပါသည်။
CZYTASZ