Chapter – 56 “မင်းရဲ့အဝတ်အစားတွေကိုချွတ်လိုက်ပါ”
“ကျွန်မ လုပ်ပါ့မယ် . . .”
ဝမ်ရမ်ချူးချူး အံကြိတ်လျက် ထပ်ပြောလိုက်သည်။ သူမ၏ အသံမှာ တုန်ရီနေသလို ရှိသော်လည်း စိတ်ပိုင်းဖြတ်ထားပြီးဟန်ပင်။ ခေါင်းကို မော့ကာဖြင့် ရဲရှောင်အား စိုက်ကြည့်လိုက်ပြီး -
“နောင်ကြီးဖန် . . . ရှင်ပြောတာသာ အမှန်ဆိုရင် ကျွန်မတို့ သဘောတူညီချက်လေးတစ်ခု လုပ်ကြတာပေါ့။ ရှင်လုပ်နိုင်ခဲ့မယ်ဆိုရင် ကျွန်မရှင့်ကို ဘာမှ ဒုက္ခမပေးတော့ဘူး။ အဖိုးတစ်ယောက်လိုကို ဆက်ဆံမယ်။ ဒီလိုမှ မဟုတ်ရင် . . .”
ဝမ်ရမ်ချူးချူး အံတစ်ချက် ကြိတ်လိုက်ပြန်သည်။
“ရှင်ကျွန်မကို လိမ်တာပြီး ရည်ရွယ်ချက်ရှိရှိ ကျွန်မကို အခွင့်အရေး ယူတာ ဆိုရင်တော့ ဖန်ဇီလင်ဆိုတဲ့ ရှင်လည်း သေခြင်းတရားနဲ့ မိတ်ဆက်သွားရလိမ့်မယ် . . .”
သူမ၏ အသံမှာ အလွန်ကို ကြောက်စရာ ကောင်းနေပါသည်။
ရဲရှောင် မကျေနပ်ဟန်ဖြင့် အေးစက်စက်ပင် -
“ငါက ငါ့ဘဝကို ရင်းပြီး မင်းရဲ့ဗိုက်ကို ထိဖို့ပဲ ကြံရဦးမယ်ပေါ့ . . . မင်းဘယ်လိုများ စဉ်းစားလိုက် တာလဲ . . .”
ဝမ်ရမ်ချူးချူးမှာ အလွန်ဒေါသထွက်နေပြီး သူမ၏ ရင်ဘတ်မှာလည်း နိမ့်လိုက်မြင့်လိုက်ဖြင့် ဖြစ်နေကာ အံကြိတ်ထားလျက် ရှိနေပါသည်။ ရဲရှောင်ကိုလည်း မီးဝင်းဝင်းတောက်သည့် မျက်လုံးများဖြင့် စိုက်ကြည့်လျက် ရှိနေလေ၏။
“မင်းဘာကြည့်နေတာလဲ . . .”
ရဲရှောင် အော်လိုက်သည်။
“မင်းလုပ်မှာလား မလုပ်ဘူးလား။ မြန်မြန်ပြောတော့ . . .”
“လုပ်ပါ့မယ် . . .”
ဝမ်ရမ်ချူးချူး အံကြိတ်လျက်ပင် အဖြေပေးလိုက်သည်။
“အဲဒီတော့ မင်းက ကုသချင်တယ်ပေါ့ . . . ဒါဆိုလည်း ပြင်ဆင်လိုက်တော့လေ . . .”
ရဲရှောင် စိတ်မရှည်သလို ပြောလိုက်သည်။
“မင်းရဲ့ လူတွေကို အပြင်မှာ စောင့်ကြည့်နေခိုင်း။ ပြတင်းပေါက်တွေ အကုန်လုံးကို ပိတ်လိုက်။ ဒီနေရာကို သီးသန့်နေရာတစ်ခုလို ဖြစ်အောင်လုပ်။ ဘာတွေစောင့်နေတာလဲ မြန်မြန်လုပ်လေ . . .”
ESTÁS LEYENDO