Chapter - (25) အပြာရောင် ရေခဲချီဓာတ်

541 49 0
                                    

Chapter - (25) အပြာရောင် ရေခဲချီဓာတ်

ရဲရှောင်သည် မူရှန်ဘိုင်အား သတ်လိုက်သည့် သတင်း နှင့် ပက်သက်၍ လူများသည် သူတို့၏ ထင်မြင်ချက်များအား တစ်ယောက်တစ်ခွန်းဖြင့် ပြောဆိုနေကြလေသည်။

"ငါကတော့ ဒီလို အခြေအမြစ်မရှိတဲ့ သတင်းကို မယုံဘူး။ ဒါပေမယ့် လူတိုင်းက ဒီသတင်းကို  ဘာလို့ ဆက်ပြောနေကြတာလဲ"

"မင်း ဘာမှမသိပါဘူး။ ဒါ အိမ်ရှေ့မင်းသားရဲ့ လှည့်ကွက် ဖြစ်နိုင်တယ်။ ရဲရှောင်ကို တမင် ချောက်ချနေတာ"

"အိုးး . . . သခင်လေးရဲကတော့ တကယ်ကို ကံဆိုးမိုးမှောင်ကျတာပဲ။ သူ့လိုလူမျိုးက ကြက်ကလေးတစ်ကောင်တောင် မသတ်ရဲတာ ငါသေချာပေါက်ကို သိတယ်။ အခုတော့ သူခမျှာ သိုင်းပညာရှင်ကိုတောင် သတ်ပါတယ်၊ လူသတ်သမားပါဆိုပြီး အစွပ်စွဲခံနေရတယ်။ ငါတော့ ရဲရှောင် ဒီလို ထောင်ခြောက်ဆင်ခံရတာကို ကြည့်ပြီး ဘာစကားမှတောင် ပြောစရာမရှိတော့ဘူး . . ."

"မင်း ဘာမှမသိပါဘူး။ လူတစ်ယောက်ကို သတ်ဖို့ အကြောင်းပြချက် တစ်ခုရှိရင်ကို လုံလောက်တယ် . . ."

"အဲ့ဒါတော့ ဟုတ်တယ် . . ."

.............

"အဓိပ္ပါယ်မရှိတဲ့ စကားတွေ မပြောကြနဲ့တော့။ မင်းတို့ပြောနေကြတာ မသိရင်ပဲ ရဲရှောင်က မူရှန်ဘိုင်ကို တကယ်သတ်ခဲ့တဲ့ ပုံစံနဲ့။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ"

"တခြားလူတွေလည်း အဲ့ဒီလို ပြောနေကြတာပဲလေ။ ရဲရှောင်က မူရှန်ဘိုင်ကို သတ်လိုက်တာဆိုပြီး . . ."

"ကောလဟာလကတော့ ကောလဟာလပါပဲကွာ။ မင်း ဦးနှောက်မရှိပုံကတော့ ပုစွန် ခေါင်းအတိုင်းပဲ။ တကယ်လို့ အခြေအမြစ်မရှိတဲ့ ကောလဟာလတွေကိုသာ ငါတို့ယုံနေမယ်ဆိုရင် သတင်းအမှန်တွေဆိုတာ  ရှိလာတော့မှာမဟုတ်ဘူး"

...............

"ဒီလောက် ရယ်စရာကောင်းတဲ့ ဟာသကို တကယ်လို့ မင်းထင်နေတာလား။ ရဲရှောင်က မူရှန်ဘိုင်ကို သတ်လိုက်တယ်ဆိုတာကိုလေ . . . မင်းတကယ်ယုံနေတယ်ပေါ့။ ဟားဟားဟား . . ."

..................

ရဲရှောင်၏ သတင်းသည် ချန်ရှင်းတစ်မြို့လုံးတွင် လျင်မြန်စွာဖြင့်ပင် ပြန့်နှံ့သွားခဲ့လေသည်။ တစ်စထက် တစ်စ ပြန့်နှံ့သွားပုံမှာ နွေခေါင်ခေါင်တွင် တောမီးလောင်ကျွမ်းနေသကဲ့သို့ပင်။
အဆိုပါသတင်းသည် တစ်မြို့လုံးတွင်ရှိသော လူတိုင်းအတွက် ဟာသတစ်ပုဒ်ပင် ဖြစ်လာခဲ့လေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားOpowieści tętniące życiem. Odkryj je teraz