Chapter- 142 "ပြဿနာလာရှာကြခြင်း"

371 29 0
                                    

မိုးကောင်းကင်အောက်မှကလဲ့စား

စာစဉ် - ၁၁

Chapter- 142

“ပြဿနာလာရှာကြခြင်း”

မင်းသားဟွာရန်းသည် ကျယ်လောင်သော လေသံဖြင့် -

“ဘင်ခရာအဖွဲ့ ဗုံတွေတီးကြ . . .”

ကမ္ဘာမြေတစ်ခုလုံး တုန်လှုပ်ဖွယ်ရာ ဗုံသံများသည် အရပ်မျက်နှာ အသီးသီးသို့ ပြန့်နှံ၍ သွားပါတော့သည်။

“ဒုန်း ဒုန်း ဒုန်း ဒုန်း . . .”

“ငါတို့ စစ်ထွက်ဖို့အတွက် ဘာအခမ်းအနားမှ မလိုအပ်ဘူး။ ငါတို့ လိုအပ်နေတာ အောင်မြင်မှု တပွေ့တပိုက်နဲ့ ပြန်လာနိုင်ဖို့ပဲ။ ခမ်းခမ်းနားနား လုပ်စေချင်ရင်တော့ ငါတို့ ပြန်လာတာကို စောင့်နေကြပါ”

မင်းသားဟွာရန်း၏ အသံသည် ကျယ်လောင်လှသော ဗုံသံများ အကြားမှာပင် ပြတ်သားစွာ ထွက်ပေါ်လျက် ရှိသည်။

လူတိုင်း မင်းသား၏ အသံကို ကောင်းစွာ ကြားနိုင်ကြလေ၏။

“င့ါရဲ့ ရဲမက်တွေ တစ်ဖက်ကို လှည့်ပြီး မင်းတို့ရဲ့ အမိမြေကို အရိုအသေ ပေးလိုက်ကြ . . .”

မင်းသား၏ အသံသည် လည်ချောင်းကွဲထွက်မတတ် အော်ဟစ်လိုက်သလို ကျယ်လောင်လှ၏။

ရဲမက်များသည်လည်း ချက်ချင်း ဆိုသလို တစ်ဖက်သို့ ပြိုင်တူ လှည့်လိုက်ကြပြီး ချန်ရှန်းမြို့ရိုးအား မျက်နှာမူလိုက်ကြသည်။ သူတို့၏ မျက်ဝန်းထဲတွင် တည်ငြိမ်မှု၊ ဂုဏ်သိက္ခာရှိမှု၊ သစ္စာရှိမှုတို့ကို အထင်းသား မြင်တွေ့နိုင်ပေသည်။

သူတို့၏ လက်နက်များအား မြောက်ကာ မြေပြင်ပေါ်သို့ ဆောင့်ချလိုက်ကြသည်။

“ဘုန်း . . .”

မြေပြင်တစ်ခုလုံး တုန်ခါသွားသလိုပါပင်။

“ချစ်စွာသော အမိမြေနဲ့ ပြည်သူပြည်သားတွေကို နှုတ်ဆက်ပါတယ် . . .”

“ဘုန်း . . .”

“ချစ်စွာသော မိသားစုဝင်တွေ အားလုံးကို နှုတ်ဆက်ပါတယ် . . .”

“ဘုန်း . . .”

“ဘုရင်မင်းမြတ်ကိုလည်း နှုတ်ဆက်ပါတယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားOpowieści tętniące życiem. Odkryj je teraz