Chapter – 61 အပြန်လမ်း
သူတို့သည် မနက်အစောပိုင်းကတည်းက ရှာဖွေခဲ့ကြတာဖြစ်ပြီး ထိုသတင်းသည် ဘုရင့်နားသို့ တိုင်အောင် ပေါက်သွားခဲ့သည်။
ဘုရင်ဖြစ်သူမှာလည်း အတော်ကြီးကို ဒေါသထွက်နေပုံပါပင်။
“လန် . . . မင်းရဲ့သားကို မင်းနိုင်အောင် ထိန်းထားပါ။ ဒီလိုမှ မဟုတ်ရင် သူ့ကိုငါ အမိန့်ထုတ် ရလိမ့်မယ် . . .”
လန်မျိုးနွယ်မှာလည်း အတော်ကြီးကို တုန်လှုပ်သွားခဲ့သည်။ ထို့ကြောင့်ပင် လူအများအပြား စေလွှတ်ကာဖြင့် လန်လန့်လန့်အား ပြန်ခေါ်လိုက်ရခြင်းပင် ဖြစ်သည်။
လန်လန့်လန့်မှာ အိမ်သို့ ခေါ်ယူခြင်း ခံရသည့် လမ်းတလျှောက်တွင် ပါးစပ်မှ -
“ငါ့ကိုလွှတ်စမ်း . . . ငါရဲရှောင်ကို ရှာရမယ် . . .”
ဇူဝူကျီမှာ သူ၏ အသုံးမကျမှုအတွက် သူ့ကိုယ်သူ ဒေါသထွက်လျက် ရှိသည်။
(လူတစ်ယောက်ကိုရှာရတာ အဲဒီလောက်တောင် ခက်ခဲလား . . . ဟိုကောင် လန်ကလည်း စိတ်ထင်ရာတွေ လျှောက်လုပ်နေတယ်။ ခေါင်းဖြတ်ခံရဖို့တော့ နီးနေပြီ . . .)
မင်းသား ဟွာရန်း၏ အိမ်တော်မှ ရဲရှောင်ကို လူအများအပြား ရှာဖွေနေသည်ကို ကြားသောအခါ ချက်ချင်းဆိုသလို အမိန့်ထုတ်ကာဖြင့် ရဲရှောင်အား ရှာဖွေစေပါတော့သည်။
အင်အားစုကြီး ၃ စုမှာ အင်တိုက်အားတိုက်ဖြင့် ရဲရှောင်အား ရှာဖွေလျက် ရှိကြသည်။
မင်းသမီးဖြစ်သူ စုယဲ့ယွဲ့မှာလည်း သူမ၏ အစေခံနှင့်အတူ ရဲရှောင်၏ အိမ်တော်သို့ ခပ်သုတ်သုတ် ရောက်လာလေသည်။
“သူ့ကို တွေ့ပြီလား . . .”
“မင်းတို့ ဘာလို့ သူ့ကို မတွေ့ကြသေးတာလဲ . . .”
“အခြေအနေဆိုး တစ်ခုခုနဲ့များ ကြုံတွေ့နေသလား . . .”
“ကြည့်ရတာ ပြည့်တန်ဆာအိမ်မှာ အပျော်လွန်ပြီး အိမ်ကိုတောင် မပြန်နိုင်တော့ဘူးထင်တယ်။ ရှာကြစမ်း . . .”
မိန်းကလေး၏ အမိန့်ကြောင့် မြို့ထဲရှိ ပြည့်တန်ဆာအိမ်များမှာ ကံဆိုးကုန်ကြပါသည်။ ပြည့်တန်ဆာအိမ်တိုင်း အရှာခံကြရပြီး အဆိုပါ အိမ်များ အတွင်းရှိ ဖောက်သည်များမှာ အခန်းတွင်းမှ မလုံ့တလုံ အဝတ်အစားများဖြင့် မောင်းထုတ်ခြင်းကို ခံကြရပါတော့တယ်။
ESTÁS LEYENDO