Chapter - 11
“မင်းက ဝယ်ချင်နေပေမဲ့ ငါက မရောင်းနိုင်ဘူး”
ကွမ်ဝမ်ရှန်သည် အစပိုင်းတွင် ဆေးများအား အထင်အမြင် သေးခဲ့မိသည့် အတွက် နောင်တရလျက် ရှိသည်။ ယခုကဲ့သို့ တန်ဖိုးရှိလှသည့် ဆေးများအား ရှာဖွေ တွေ့ရှိခြင်းသည် နောက်မျိုးဆက် သုံးဆက် အထိလောက်ပင် ကောင်းစား နိုင်ပေသည်။ ကွမ်ဝမ်ရှန်သည် ဆေးများအား ထပ်၍ မြင်ချင်နေမိသည်။ သူ၏ အတော မသတ်နိုင်သည့် လောဘများသည် သူ၏ ဆင်ခြင်တုံ တရားများကိုပင် ဖုံးလွှမ်းလျက် ရှိ၏။ အကယ်၍ ယခုကဲ့သို့ အဖိုးထိုက်တန် လှသည့် ဆေးများအား တစ်ခုထက်ပို၍ ရရှိနိုင်မည် ဆိုပါက ထိုနေ့သည် သူ၏ ဘဝတွင် အကောင်းဆုံး နေ့တစ်နေ့ပင် ဖြစ်လာပေလိမ့်မည်။
ကွမ်ဝမ်ရှန်၏ ပျာယာခတ်သည့် အမူအရာအား ကြည့်ရင်း ရဲရှောင် အံ့သြနေမိ လေသည်။ သို့သော် သူ၏ အဖြေအား ယခင်အတိုင်းပင် မပြောင်းလဲဘဲ ...
“ဘယ်လောက်ရှိတယ် ဆိုတာ အခုထိတော့ မရေရသေးဘူး၊ အင်း ... ဆယ့်ငါးလုံး ဆယ့်ခြောက် လုံးလောက်တော့ ရှိမယ်ထင်တယ်။ အတိအကျကို မရေရသေးဘူး”
ရဲရှောင် စိုးရိမ်ပူပန် မိလာသောကြောင့် နဖူးမှ ချွေးများပင် ထွက်လာသည် ...
“ဒီဆေးတွေ ဒီလောက်ထိ တန်ဖိုး ရှိမယ်မှန်း မထင်ခဲ့ဘူး။ ဘာကြောင့် ဒီအဘိုးကြီးက ဒီလောက်တောင် ပျာယာခတ် နေတာပါလိမ့် ... ဒီလူကြီး ကြောင်နေတာလား မသိ”
“ဘာ ... ဆယ့်ငါးလုံး ဆယ့်ခြောက်လုံးလောက် ဟုတ်လား ... မင်းဆေးတွေကို ရေတောင် မရေကြည့်ရ သေးဘူးပေါ့လေ တကယ်ကြီးလား ...”
ကွမ်ဝမ်ရှန်မှ ရဲရှောင်အား အားမလိုအားမရ ပုံစံမျိုးဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
ကွမ်ဝမ်ရှန်သည် သူ၏ ရှေ့တွင် ထိုင်နေသော ရဲရှောင်အား အမှန်တကယ်ပင် ဆဲချင်နေမိသည်။ သို့သော် သူ၏ စိတ်အား တတ်နိုင်သမျှ ဖြေလျော့၍ စကားအမှား မပါစေရန် အတတ်နိုင်ဆုံး ထိန်းလိုက်၏။ သူတွေးလိုက် မိသည်မှာ ...
“ဆေးလုံးလေး တစ်လုံးတည်းနဲ့တောင် ကမ္ဘာကြီးကို ကိုင်လှုပ်ဖို့ လုံလောက်တယ်။ သူ့ဆီမှာ ဆေးက ဆယ့်ငါးလုံးမက ရှိနိုင်တယ်။ ဒီလို တန်ဖိုးကြီးတဲ့ ဆေးတွေ သူ့ဆီမှာ ရှိနေတာ ရယ်စရာ ကောင်းလိုက်တာ ... သူ့ကြည့်ရတာ ဆေးတွေရဲ့ တန်ဖိုးကိုတောင် မသိတဲ့ပုံပဲ။ ဒီအထိတောင် ဆေးတွေကို ယူလာပြီးမှ သူ့ဆီမှာ ဆေးဘယ်လောက် ရှိတယ်ဆိုတာ မရေရသေးဘူး တဲ့လား။ ဘုရားက ဖန်ဆင်းပေးတဲ့ လက်ဆောင်ကို ကောင်းကောင်း အသုံးမချတတ်တဲ့ ပုံစံမျိုးပဲ။ ဒီလိုလူမျိုး ရှိနေတာ သူတို့ မိသားစုအတွက် ရင်လေးမိတယ်။ မိသားစုကို အရှက်ရစေတဲ့ ကောင်ပဲ ... ငါတို့မြို့က ဟိုလူရှုပ်လူပွေ သခင်လေး သုံးပါးထက်တောင် မိုက်မဲ နေသေးတယ်။ ဒီလူနဲ့ ယှဉ်ရင် ဟိုကလေး သုံးယောက်ကမှ တော်သေးတယ်လို့ ပြောလို့ရသေးတယ်။ သူ့ရဲ့ ဉာဏ်မရှိ မိုက်မဲပုံကတော့ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်ဘူး ...”
YOU ARE READING