Chapter - 57 "အရူးတစ်ယောက်၏ကုထုံး"

431 33 0
                                    

Chapter – 57 “အရူးတစ်ယောက်၏ကုထုံး”

သူ၏ နှစ်ဘ၀ အတွေ့အကြုံအတွင်း မည်သည့် မိန်းကလေး၏ လက်ကိုမျှ မကိုင်တွယ်ခဲ့ဖူးပေ။ သို့သော်လည်း ယခုအခါမှာတော့ မိန်းကလေးတစ်ဦး၏ ဝမ်းဗိုက်နေရာကိုပင် ကိုင်တွယ်ခွင့်ရနေတာပဲ ဖြစ်၏။

သူ၏လက်မှတဆင့် ခံစားရသည့် ခံစားမှုမှာ အလွန်ကို ကျေနပ်ဖွယ်ရာပါပင်။ နွေးထွေးမှု၊ ချောမွေ့မှု၊ မွှေ့ပျံ့မှု စသော ခံစားချက်များ ရောယှက်ခံစားနေရတာပင် ဖြစ်လေသည်။

ရဲရှောင်တစ်ယောက် ပြာယာခတ်လျက် ရှိသည်။ သူ၏ ကျင့်စဉ်များအား လည်ပတ်စေရင်း ရှေးဦးခရမ်းရောင်ချီဓာတ်များအား အသုံးပြု၍ ဝမ်ရမ်ချူး၏ ခန္ဓာကိုယ်မှ  အအေးဓာတ်များအား စုပ်ထုတ်နေတာ ဖြစ်သည်။

ရှေးဦးခရမ်းရောင်ချီဓာတ်မှာ အလွန်ထူးခြားသော စွမ်းအင်တစ်မျိုးဖြစ်ပြီး ဒဏ္ဍာရီလာ ကျင့်စဉ်တစ်ခုဆိုလည်း မမှားချေ။ အသုံးပြုပြီး သိပ်မကြာခင်မှာပဲ ရဲရှောင် သူ့လက်ဝါးသို့ အအေးဓာတ်များ လာရောက်စုဆုံလာတာကို ခံစားလိုက်ရသည်။ ရဲရှောင် အားတက်သွားပြီး ကျင့်စဉ်များအား ဆက်လက် လည်ပတ်စေလိုက်ရင်း စိတ်ကိုရှင်းအောင်ထားကာ အပြည့်အ၀ အာရုံစိုက်ထားလိုက်ပါတော့သည်။

နှစ်ဦးလုံး၏ စိတ်ဝိညာဉ်များမှာ ဆက်နွယ်ထားသကဲ့သို့ ခံဏားနေကြရပြီး တစ်ဦး၏ အခြေအနေကို တစ်ဦးသိသည့် အနေအထားမျိုးပါပင်။ ဝမ်ရမ်ချူးချူး ရဲရှောင်၏ ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများအား ခံစားသိရှိနေပါသည်။ အပူဓာတ်များ သူမကိုယ်တွင်းသို့ ဝင်လေလေ ပို၍ သက်တောင့်သက်သာ ခံစားရလေပါပင်။ ရေပူစမ်းတစ်ခုအတွင်း ရေချိုးနေရသကဲ့သို့ အလွန် ခံစားရကောင်းနေတာဖြစ်ပြီး အိပ်ချင်သလိုပင် ဖြစ်လာပါတော့သည်။

သို့သော်လည်း သူမအနေဖြင့် သတိလက်လွတ် မနေဝံ့ချေ။

ရဲရှောင်၏ ကျင့်စဉ် အံ့သြဖွယ်ကောင်းပုံကို သူမသတိပြုမိလိုက်ပြီး နောက်မှာတော့ သူမ၏ ကိုယ်တွင်းမှ အေးစက်သော ချီဓာတ်များမှာ တဖြည်းဖြည်းဖြင့် လျော့ကျသွားသလို ခံစားနေရသည်။ သူမကို သေသည်အထိ ဒုက္ခပေးနိုင်သော ရေခဲချီဓာတ်များ စွမ်းအင်သိုလှောင်ရာအတွင်း ကုန်စင်ပျောက်ကွယ် သွားမည်ကို တွေးရင်း ပီတိဖြစ်လျက်လည်း ရှိနေပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားOù les histoires vivent. Découvrez maintenant